𝑩𝒆𝒄𝒂𝒖𝒔𝒆 𝒐𝒇 𝒀𝒐𝒖 -14✵

1.2K 105 13
                                    

Unicode ✵

"မင်းအတွက်ဆိုရင် ကိုယ့်ရဲ့အချိန်တွေကိုပေးဖို့အသင့်ပါဘဲ မင်းသာတစ်ခြားတစ်ယောက်ကြောင့် ကိုယ့်ကိုပေးရမယ့် အချိန်တွေကို ဖြုန်းပစ်မယ်ဆိုရင်တော့ မင်းကိုစိတ်ဆိုးမိလိမ့်မယ် .....။ "

" ညနေလဲ မင်းစောင့်နေနော် ငါနောက်ကျနေရင်တောင် မင်းတစ်ယောက်ထဲ မပြန်နှင့်နဲ့ "

" krub, Phi ဂရုစိုက်သွားပါဗျ "

" ဘာလဲ လိုက်ပို့တာလား "

" Min မင်းရောက်နေရင်လဲ အသံပေးပါလား ငါလန့်သွားတာဘဲ "

" ငါရောက်နေတာကြာပြီလေ ဘယ်တုန်းက မင်းကိုမစောင့်ဘဲ အထဲဝင်လို့လဲ "

" မင်း ငါအခုမှသတိရတယ် မနေ့က ကိစ္စမဖြေရှင်းရသေးဘူး ငါ့ကို​ပြောမယ်ဆိုတာ ဘာလဲ "

" ဘာမှမဟုတ်တော့ဘူး "

" သေချာလို့လား  မင်းမျက်နှာက တကယ်ကိုအရေးကြီးတဲ့စကား ပြောတော့မယ့် ပုံစံလေ "

" အော် ဟုတ်တယ် ငါမင်းကိုပြောမှသိမှာလေ  ဒီနေ့က ဘာနေ့လဲဆိုတာ မင်းမမှတ်မိဘူးမှတ်လား "

" ဘာနေ့လဲ ငါတို့ကျောင်းပိတ်တဲ့နေ့ကြီး ကျောင်းလာတာလား ခဏလေး ရက်စွဲပြန်ကြည့်အုန်းမယ် "

" မင်းကျောင်းတက်တာ ဘယ်နှစ်ရက်မှမရှိသေးတာကိုကွာ ငါပြောချင်တာအဲ့တာမဟုတ်ဘူး "

" အဲ့တာဆိုဘာလဲ ငါစဥ်းစားလို့မရဘူး "

" ငါ့မွေးနေ့လေ ကွာ "

" အော် ဟုတ်သားဘဲ ဒီနေ့က မင်းမွေးနေ့ကို
မင်းတောင် အသက်တော်တော်ကြီးနေပြီ "

"မင်းမွေးနေ့လဲ မကြာခင်ရောက်လာတော့မှာလေ နှစ်တိုင်းမင်းက နောက်ဆုံးမှ ရောက်လာပြီး ငါ့အတွက်နောက်ဆုံးဧည့်သည်အဖြစ်နဲ့ မွေးနေ့အသေးလေး လုပ်ပေးခဲ့တယ် ဒီနှစ်လည်းမင်းအဲ့လိုဘဲလုပ်မှာလား "

" ဟုတ်တယ် ဒီတခါလဲ အဲ့လိုဘဲ ငါနောက်ကျမှလာခဲ့မယ် ငါလူများရင် မကြိုက်ဘူး  မင်းလူတွေပြန်သွားပြီးမှ ငါလာတော့မယ် "

"ငါမင်းကိုတောင်းဆိုလို့ရလား "

" ဘာကိုလဲ "

𝑩𝒆𝒄𝒂𝒖𝒔𝒆 𝒐𝒇 𝒀𝒐𝒖Where stories live. Discover now