*၂*

331 19 2
                                    

လိ‌မ္မော်ရောင်ထင်းထင်း နေကျချိန်က MK cafe အတွက် ရောင်းအားအကောင်းဆုံးအချိန် ၊ ဒီလိုအချိန်ဆို သူတို့နှစ်‌ဦးနှစ်ယောက်နဲ့တင် မလုံလောက်တော့တာမို့ ကျောင်းဆင်းချိန်နဲ့တိုက်တဲ့ ညှို့မှိုင်းမိုင်ကလာကူရသည်။

သို့သော်၊

" ကိုခိုင် ၊ မှိုင်းမိုင် မရောက်သေးဘူးလား ၊ လူ‌တွေများနေပြီ ။ "

ဘဲ‌ဥသဏ္ဍာန်တိုင်ကပ်နာရီကို ကြည့်လိုက်တော့ ပြန်ရောက်နေကျအချိန်ထက် လက်တံတိုတစ်ခုစွန်းနေသည် ။

" အင်း ၊ သူ ကိစ္စရှိလို့ ဖြစ်မယ် ။ "

ဝယ်သူတွေကြောင့် bar မှာ အလုပ်ရှုပ်နေသည့် မေနိုင်းကတော့ပြန်မဖြေအား။

‌‌နောက် မိနစ်တချို့ ကုန်လွန်လာတော့ cafe အပြင်ဘက်မှာ YAMAHAဆိုင်ကယ် တစ်စီးထိုးရပ်လာ၏ ။ helmet ချွတ်လိုက်ရင်း ပီ ပြင်လာတဲ့ရုပ်ပုံ၊ ဒီကောင်လေးရဲ့ပါးချိုင့်နက်‌ကြောင့် ဆွဲဆောင်မှုအပြည့်ကြည့်ကောင်းစေသည်။ အင်္ကျီဖြူနဲ့ နက်ပြာပုဆိုး ကို ရောစပ်ဝတ်ဆင်ထားတဲ့ ကောင်ချောလေးက လွယ်အိတ်ကို Tပေတံနဲ့တွဲကိုင်ပြီးဆိုင်အတွင်းသို့ အလျှင်စလိုဝင်လာ၏ ။

ထို့နောက် cashier ရှေ့ရပ်ကာ၊

" ခိုင်၊ ကျွန်တော်ရောက်ပြီ ။ "

ငယ်ငယ်က ဝတုတ်လေးနဲ့ကျောင်းဆင်းချိန်တိုင်း'ခိုင်'လို့အော်ပြီး ပြေးလာတတ်တဲ့ ညီညီ၊ ခုတော့တည်ငြိမ်ပြီး ဩရှရှအသံကိုတောင် ပိုင်ဆိုင်လာခဲ့ပြီ ၊ အလောတကြီး ဖြစ်နေတဲ့ပုံစံကြောင့် ဆိုင်ကယ်အမြန်မောင်းလာမှာစိုးရိမ်ရသည် ။

ဘေးနာမှာ အသင့်ယူထားတဲ့ရေသန့်ဗူးကို ညီညီရှေ့တွန်းပို့လိုက်ရင်း၊

" အိမ်မှာ အဝတ်အစားလဲပြီးမှ လာခဲ့တာမဟုတ်ဘူး ။ "

ထိုစကားအပေါ် အပြင်းအထန်သက်ရောက်မှု ရှိသွားတာက မေနိုင်း ။

" မလဲတော့ပါဘူး ခိုင်ရာ ၊ အခုတောင် မေနိုင်းတစ်ယောက် ဝက်ဖင်နှုတ်ခမ်းဖြစ်နေပြီ ။ "

" ဘယ်မှာ ဖြစ်လို့လည်း။ "

ပြောရင်း ပိုထော်လာပြန်ပြီ။ လက်ထဲက သောက်လက်စရေဗူးကို ခုံပေါ်ပြန်တင်လိုက်ပြီး စိတ်ဆင်းရဲသလို မျက်နှာပေးနဲ့ uniform လဲရန် နားနေခန်းသို့ဝင်လာလိုက်သည်။

ခိုင် [ Khaing ]Where stories live. Discover now