" ကိုကို ၊ ဒီကလေးက ဘယ်သူလေးလည်း။"
" ကို့ညီရဲ့ သားလေးလေ ။ "
" ဘယ်လို ၊ ကိုကို့ညီက လူပျိုမဟုတ်ဘူးလား ၊ ကလေးက ဘယ်လိုဖြစ်ပြီး။ "
" ဟုတ်တယ် ၊ မတော်တဆသိလိုက်ရတာ။ သူတို့နှစ်ယောက်လုံးက မလိုချင်ကြဘူး ၊ သိတဲ့အချိန်လွန်သွားတော့ မွေးပြီးမှစွန့်ပစ်ဖို့လုပ်နေကြတာလေ။ "
" မိဘမေတ္တာဆိုတာ သူတို့အတွက်မရှိဘူးထင်ပါရဲ့ ။ ကို ဘာမှစိတ်မပူနဲ့ ကျွန်မရဲ့သားအရင်းလေးလို စောင့်ရှောက်ပေးမယ် ။ ခိုင်လေးလည်း အဖော်ရတာပေါ့။"
" မေမေး!"
" ဟာ ခိုင်! နိုးပြီးလား အသည်းလေး။"
" ဟုတ်! "
" ဒါရေးက ဘာရေးရဲ၊"
ကိုကို့လက်ထဲက နီတာရဲလေးကို လက်ညိုးထိုးပြပြီး အသည်းယားသလိုလုပ်ကာ မေးသည်။
" သားညီလေးလေ၊ ညီလေးကို အနိုင်မကျင့်ရဘူး ၊ တူတူဆော့ပေးရမယ်နော်။"
" ဟုတ်! "
🔗🔗🔗
"မေမေရေးးး "
" ဟာ! မူကြိုကျောင်းသားကြီး ပြန်လာပြီလား ၊ ကိုကို အိမ်ထဲမှာကိုကို့ညီ ရောက်နေတယ်။ "
ကလေးကြိုပြီးပြန်လာတဲ့ ခင်ပွန်းသည်က ညီဆိုတဲ့စကားသံကြောင့် မျက်မှောင်များတွန့်ချိုးလာသည်။
" ကလေးကိုခေါ်ပြီး အိမ်ပေါ်တက်တော့။"
" နေပါဦး ၊ ကိုကြီးရာ ဒီကောင့်မျက်နှာ ကြည့်ပါရစေဦး။"
အိမ်ပေါ်တက်ရန်မှာတုန်းရှိသေး ထွက်ပေါ်လာတဲ့စကားသံကြောင့် ပိုစိတ်ရှုပ်လာသည် ။ ကလေးငယ်ကတော့ စိတ်ညစ်နေကြတဲ့မိဘနှစ်ပါးကြောင့် ဧည့်သည်ဆိုသူ ဦးလေးကြီးကို မကြည်ကြည့်လေသည်။
" ဟေ့ ၊ မင်းမျက်နှာကို ပြင်လိုက်နော် ၊ ကျွတ်စ် သောက်ချိုးကိုမပြေဘူး။"
" မင်းစကားပြောတာ ကြည့်ပြော! "
" ကို ကလေးရှေ့မှာ ရန်မဖြစ်ကြပါနဲ့။"
" မင်းငါ့ဆီ လာခဲ့!"
" မလာဖူး! "
အသက်ငါးနှစ်ထက် ပိုပြီးတတ်သိနားလည်လွယ်တဲ့ကလေးငယ်က မိဘတွေရဲ့မကြည်မလင်မျက်နှာကြောင့် ရှေ့ကလူကိုစိတ်ဆိုးလေသည်။
YOU ARE READING
ခိုင် [ Khaing ]
Romanceကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်အပေါ် အရာအားလုံးနဲ့ရင်းပြီး ချစ်တတ်ကြပါတယ် ၊ အချစ်ခံသူ ရဲ့ သဘောထားကို ထည့်မတွက် မိခဲ့ပဲပေါ့ ... Start-1.2.2021 End-25.5.2021 ကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်အပေါ် အရာအားလုံးနဲ့ရင်း ပြီး ချစ်တတ် ကြပါတယ် ၊ အချစ်ခံသူ ရဲ့ သေ...