*၅*

190 15 2
                                    

အဲ့ဒီနေ့က ပျော်‌ပျော်ရွှင်ရွှင် လက်ချင်းယှက်ပြီး ထွက်ခွာသွားတဲ့ ချစ်သူနှစ်ဦးအပေါ် အမည်ဖော်မရတဲ့ ခံစားချက်ကို ရင်ဝယ်ပိုက် ပြီး အပြုံးတစ်ခုဖြင့် နှုတ်ဆက်ခဲ့ရသည် ။

" ကိုခိုင် ၊ ဘာလို့ မျက်မှောင်ကြီး ကြုံ့ထားတာလဲ ၊ ခေါင်းကိုက်နေလို့လား ။ "

မေနိုင်း မျက်နှာဘေးတစောင်းက ရုတ်တရပ် ပေါ်လာတာကြောင့် အတွေးတွေထဲမှ ရုန်းထွက်လိုက်သည် ။ ‌ရှေ့တည့်တည့်မှ စူးစမ်းလိုတဲ့ မျက်လုံးတစ်စုံထဲ သူ့အထင်မှန်နေပြီဆိုတဲ့ မာန်တွေထင်ဟက်နေ၏ ။

" ဟမ် ၊ ဪ ဟုတ်တယ် ။ "

" ထင်တယ် ထင်တယ် ၊"

" မနေ့က မှိုင်းကောင် တစ်‌ကွက် ပြလိုက်တာ မေနိုင်းတို့တောင် အံ့ဩတယ်ဆိုတော့၊ အဲ့ကောင်စကားကို အတည်ကြီးယုံစားတတ်တဲ့ ကိုခိုင်က တော်တော်ထိသွားမှာပဲ ။ "

" ပြောတော့ဖြင့် ဖင်ခေါင်းထဲ ဆင်အောင်းလို့တောင်ရတယ် လေကျယ်ချက်က ၊ နောက်တော့လည်း ငါ့တို့ ကိုခိုင်ကို ပလစ်ပြီး မဘက်လိုက်လို့ ၊ မိုက်ဘက်ပါ သွားပြီ ။ "

" မေနိုင်းက သံစဉ်ကြွယ်ကို သဘောမကျဘူးလား ။"

" ကျတာပေါ့ မှိုင်းကောင်က အဲ့လို ဖြူဖြူသွယ်သွယ်လေးကို မတန်မရာကြီးရထားလို့တောင် အံ့ဩနေတာ ၊ ဒါပေမယ့်လည်း ကိုခိုင်ရယ်၊ သူ့ရဲ့ ပုံပြင်တွေထဲမှာ နစ်ပြီး လူငယ်ဘာသာဘာဝ ရည်စားတောင် မထားခဲ့တဲ့ကိုခိုင်က အခုတော့ တစ်ယောက်တည်း အထီးကျန်ရတော့မယ် ။ အရင်လိုသာဆို မေနိုင်းက ကောက်သိမ်းမှာ ဆိုပေမယ့် အခုတော့ မေနိုင်းလည်း ဆို့အောက် သွားပြီလေ Heeee ။ "

" မှန်မှန်ပြော အခုနေလို့မကောင်း ဖြစ်နေတာ မနေ့က ကိစ္စ ရှော့ရသွားလို့မလား ။ "

မှားတယ်လို့လည်း မဆိုချင်သလို၊ မှန်တယ်လို့လည်း မထောက်ပြချင်တာကြောင့် ပြုံးရုံသာ ပြုံးပြလိုက်သည် ။

" မေနိုင်းကို အကူအညီတောင်းရဦးမယ် ၊ ဒီနေ့ဆိုင်ကြည့်ပေးထားနိုင်မလား ၊ အစ်ကို အိမ်ပြန်နားချင်လို့ ။ "

" ရတယ်လေ ကိုခိုင် ၊ နောက်ကြောင်း အေးအေးသာ အနားယူ ၊ မေနိုင်းက ကိုခိုင့် နောက်လိုက်ကောင်းမို့ စိတ်သာချထား ။ "

ခိုင် [ Khaing ]Where stories live. Discover now