*၁၁*[End]

453 17 5
                                    


၆ လခန့်ကြာသော်*

သူရိန်နေမင်း အပေါ်တက်၊အောက်ဆင်း ပမာဏ အတော်ကြာ နွေရွက်ဟောင်းမှ ဆောင်းရွက်သစ်သို့ အဖန်ဖန်ကူးပြောင်းလာခြင်းက သွေးရည်စက်လက် ခြေဖဝါးတစ်စုံနဲ့ ညီညီ့အနား လျှောက်လှမ်းလာခြင်းပါ...

" ကိုခိုင်..."

ကျွန်းဆော့ကုလားထိုင်လေးကို မျက်လုံးမှိတ်ကာ လှုပ်ရမ်းနေရင်း ခေါ်သံကြောင့် ကြည့်လာသည် ။ သို့သော် ထိုအကြည့်တွေထဲမှာ ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းကင်းမဲ့ကာ ‌ဗလာသပ်သပ်သာ ။ သေချာကြည့်မှသာလျှင် ထိုဗလာနောက်ကွယ်က နာကျင်ခြင်းအပိုင်းအစ ပေါင်းများစွာကို ဖမ်းမိနိုင်မည်ဖြစ်သည် ။

မေနိုင်းကို အချိန်တစ်ခုကြာ ကြည့်နေရင်းပင် alarm မြည်လာတာကြောင့် ခြေလှမ်းမှန်မှန်ဖြင့် ထမင်းစားခန်းထဲဝင်သွားလေသည် ။ နောက်မှထပ်ကြပ်မခွာ လိုက်ကြည့်မိတော့ ...၊

ထမင်းဖြူ‌တွေသာ ခေါင်းငုံ့စားနေတဲ့ ကိုခိုင် ၊

သိပြီးသား ၊ အဘွားပြောပြီးသား ဆိုရင်တောင် ဒီအခြေအနေကို မြင်လိုက်ရခြင်းကြောင့် အသက်ရှူမှုရပ်တန့်သွားရသည်။

🔗🔗🔗

"ထမင်းဆိုတာ အာဟာရ ပြည့်ဝအောင်စားရတယ်။ အသားရယ်၊ငါးရယ်၊အသီးအရွက်ရယ် ဒါမှ ကျန်းကျန်းမာမာနဲ့ အသက်အရှည်ကြီးနေသွားရမှာပေါ့။ "

အဖြူအစိမ်းနဲ့ ၈တန်းကျောင်းသားလေးက သူ့ထက်အတန်းငယ်တဲ့ ၄တန်းကျောင်းသူလေးကို သူ့ခွက်ထဲက ဟင်းများထည့်ပေးရင်း ပြောလေသည်။ ထို့နောက် ဖော်ရွေသော အပြုံးများပြုံးပြကာ ခေါင်းလေးကို ခပ်ဖွဖွ ပုတ်ပေးသည်။ ဒီလိုအခြေအနေ မျိုးက သူ ၅နှစ်သမီး အရွယ်ကလည်း ကြုံခဲ့ဖူးသည် ။ သို့သော် ထိုအချိန်တုန်းကတော့ ပထမဆုံး တွေ့ဖူးသူမို့ ကြောက်ကာထွက်ပြေးခဲ့ဖူး‌လေသည် ။

" ခိုင်! ကျွန်တော့် ဆီက ပြန်ယူဦး၊ ဒါမှ ခိုင်လည်းအသက်ရှည်ကြီးနေရမှာ။ "

ကျောင်းထဲက ခရေပင်ကြီးအောက်တွင် ထမင်းချိုင့်ကိုယ်စီဖွင့်ကာ စားသောက်ခဲ့ဖူးသည့် ကျောင်းတံဆိပ်ဆင်တူဖြင့်အဖြူအစိမ်းကျောင်းသားအရွယ်က ဖြစ်ခဲ့သည်။
🔗🔗🔗

ခိုင် [ Khaing ]Where stories live. Discover now