ခြံထဲတွင် သတင်းစာဖတ်ရင်း အသီးစားနေသည့် ပါးပါးဆီသွားလိုက်သည်။ အပြန်တုန်းက ကိုယ့်အတွေးနဲ့ကိုယ်မို့ သတိမထားမိတာကြောင့် အခုမှ အပြေးအလွှား ၊ ဘယ်လောက်ပဲ အပြင်လောကမှာ နံမည်တစ်ခုရှိနေပါစေ အိမ်ကမိဘတွေဆီမှာတော့ ထာဝရ ကလေးလေးပဲမဟုတ်လား ။" ပါးပါး ၊ အသီးစားနေတာလား ။ "
" မီးငယ်ရောစားလေ ၊ မီးငယ်ဝင်လာတုန်းက ပါးပါး တွေ့လိုက်တယ် ၊ အတွေးများနေတဲ့ပုံပဲ ။ "
" Heee ၊ ထွေရာလေးပါးပေါ့ ပါးပါးရာ ။ "
သစ်တော်သီး စိတ်ကလေး ကိုက်ရင်း ပြန်ဖြေလိုက်သည်။ သူများ သားအဖတွေအတွက် ဒါဟာ မယဉ်ကျေးသည့်အပြုအမူ ဖြစ်နေပါ့မလား ကြွယ်မပြောတတ်၊ ဒါပေမယ့် ပါးပါးနဲ့တော့ ဒါဟာပုံမှန်ပင် ၊ အသက်ကြီးမှရတဲ့ ကလေးမို့ ပါးပါးရော၊ မားမားပါ အသည်းတုန်မတတ် ချစ်ကြသည် ။ ကျန်းမာရေး ချူခြာတဲ့ မားမားက ကြွယ်တို့ သားအဖကိုစောစောစီးစီး ထားသွားခဲ့တော့ ပါးပါးက အရင်ကထက်ပိုဂရုစိုက်ပေး၊ ချစ်ပေးခဲ့သည် ။ ငွေကြေးစည်စိမ်နဲ့အညီ မေတ္တာတရားပါ ပျက်ကွက်မှု မရှိအောင်ဂရုစိုက်ပေးခဲ့သည်။ တစ်ပင်လဲသည့်တိုင် တစ်ပင်ထူဖို့ ပြောကြတဲ့ ပတ်ဝန်းကျင်အပေါ် သူ့ဘဝမှာ ကြွယ်ကသာ အဓိကလို့ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည် ။
သူငယ်ချင်းလို ပေါ့ပေါ့ပါးပါး ဖြစ်စေသည့်အပြင် ၊ အမေလို အေးချမ်းပြီး ၊ အဖေလို နွေးထွေးစေသည် ။
" ဒါဘာသဘောလည်း မီးငယ် ။ "
ဓာတ်ပုံ ၊ မှိုင်းမိုင်နဲ့ ကြွယ်တို့ date တုန်းကပုံ ၊ မြင်လိုက်တာနဲ့ ရိုးရိုးသားသား သူငယ်ချင်းမဟုတ်မှန်း သိသာစေသည့်ပုံ ၊ ဘယ်လိုများ ၊
" ပါးပါး ။ "
" အင်း ၊ မီးငယ်ပြောတာ ပါးပါးယုံမယ်။ "
" သူက ၊ သူက ကြွယ့်ချစ်သူပါ ။ "
ဖတ်လက်စ သတင်းစာကို ချကာ ကြွယ့်လက်ကို ကိုင်ပြီး ၊
" ဘယ်တုန်းကတည်းကလည်း မီးငယ် ။ "
" မစေ့စပ်ခင် တစ်လ အလိုတည်းကပါ ပါးပါး ။ "
YOU ARE READING
ခိုင် [ Khaing ]
Romanceကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်အပေါ် အရာအားလုံးနဲ့ရင်းပြီး ချစ်တတ်ကြပါတယ် ၊ အချစ်ခံသူ ရဲ့ သဘောထားကို ထည့်မတွက် မိခဲ့ပဲပေါ့ ... Start-1.2.2021 End-25.5.2021 ကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်အပေါ် အရာအားလုံးနဲ့ရင်း ပြီး ချစ်တတ် ကြပါတယ် ၊ အချစ်ခံသူ ရဲ့ သေ...