*၇*

160 13 6
                                    


" ကိုခိုင်!"

ခြံထဲမှာ ဘီယာ သောက်နေကြတုန်း အူမြူးစွာ ဝင်လာတဲ့ မေနိုင်း၊ လက်ထဲမှာလည်း အထုတ်အပိုးတွေဖြင့် ၊

" နောက်ကျလိုက်တာ မေနိုင်း၊ မှောင်တောင်မှောင်နေပြီ ။ "

" ကောင်းကောင်း လိုက်ပို့ပေးတယ် ကိုခိုင် ။ "

" ဘာကြွားမလို့လည်း ၊ ယောက်ျားလေးနှစ်ယောက်အရက်သောက်နေတယ် မြင်လား။ "

ဒီနှစ်ယောက်က ဆုံလိုက်တိုင်း ဘုနဲ့ဘောက် ၊

" ဘီယာကို ဘဝကြီးမှတ်နေတဲ့ နင့်ကို ငါအရမ်းသနားတယ် ၊ ငါလာတာ ကိုခိုင့်ဆီ ၊ စိန်ကောင်းကျောက်ကောင်းရောင်းဝယ်နေတဲ့အချိန် စဉ်းရိုးသည်က ကန့်လန့် ကန့်လန့် မလုပ်စမ်းပါနဲ့ ၊ "

" နင်! "

" ညီညီ ! "

ခံနိုင်ရည်အားထက် တစ်ဗူးပိုနေတဲ့ ညီညီက ရီဝေဝေမျက်လုံးတစ်စုံဖြင့် သာမန်ထက်ပိုစိတ်ဆတ်နေသည် ။

" သူ့ကိုထားလိုက်ပါ ကိုခိုင်ရာ။ heee ရော့ ဒါမေနိုင်းမုန့်ဖိုးနဲ့ ကိုခိုင်အတွက် ဝယ်လာတာ ။ "

" အာ ၊ ဘာလို့ ပိုက်ဆံဖြုန်းနေရတာလည်း၊ ဝယ်မလာပဲ နေတာမဟုတ်ဘူး။  "

" မရပါဘူး ၊ ဒီနေ့ သင်တန်းက ပထမဆုံးကြိမ်မို့ နည်းနည်းပုကျိလောက် ခက်ခဲပေမယ့် အရမ်းပျော်စရာကောင်းတယ်သိလား ။ "

" မသိဘူး ၊ မမေးလည်း ဖြေ‌တယ်နော် ။ "

မေနိုင်းကတော့ အဖက်ပင်မလုပ် သင်တန်းက အတွေ့အကြုံတွေကို အာပေါင်အာရင်း သန်သန် ပြောပြလေသည်။ အမူးသမား ညီညီကတော့ မေနိုင်းဝယ်လာတဲ့ မုန့်တွေကို အသက်ရှုသံပြင်းပြင်းနဲ့ ပါးစပ်ထဲထိုးသိပ် စားပြီး စကားတိုင်းကို ဘုကလန့်လိုက်တိုက်သည် ။

ပြောလို့ဝသွားတဲ့ မေနိုင်းက အဘွားစိတ်ပူနေမှာဆိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ခပ်သွက်သွက် ပြန်ထွက်သွား၏ ။

" ညီညီ ၊ မစာရင်လည်း မစားပါနဲ့လားကွာ ။ "

ပါးကြီးဖောင်းကား ပြီး မျက်နှာတပြင်လုံးနီရဲကာ ချောင်းတဟွတ်ဟွတ် ဆိုးနေတာကြောင့် ပါးစပ်ထဲက ဟာတွေထွေးထုတ်ခိုင်းပြီး ရေတိုက်ရသည် ။

ခိုင် [ Khaing ]Where stories live. Discover now