စကိတ်သံတဂျွီဂျွီ ၊ စက်ဘီး ၊ ဆိုင်ကယ် တို့က မကြာခဏဆိုသလို သွားလာနေကြပြီး မိသားစု ၊ လူငယ်လူရွယ်အဖွဲ့များ ၊ ရည်းစား ၊ သူငယ်ချင်း စသည်တို့ကလည်း တစ်ကိုယ်တည်းဖြစ်စေ ၊ အစုလိုက်ဖြစ်စေနဲ့ လမ်းမအပေါ် ပျားပန်းခတ်အောင် စည်ကားနေကြသည် ။MK cafe*
မှန်အကြည်နဲ့ကာရံထားတဲ့ cafe လေးကတော့ ထိုလမ်းမရဲ့ဘေးတစ်နေရာတွင်သာ ။
Coffee bar တွင် အလုပ်များနေသောကောင်မလေးက consumer နည်းနည်းပါးလာတာနဲ့ cashier ဘက်ရှိလူငယ်ဆီသို့သူခိုးတစ်ယောက်လို ကုပ်ကုပ်လေးသွားလေရဲ့ ။ ထိုလူငယ်မှာတော့ smart phone ပေါ်တွင်သာ အာရုံအလုံးစုံစူးစိုက်ထားပြီး ဘေးကအရာများကိုသတိမမူမိပေ။
" ဝါးးးး! "
လန့်သွားတာမို့ ဆတ်ခနဲတုန်လှုပ်သွားတဲ့ကိုယ်လုံးကခြောက်လန့်သူဖို့ အောင်မြင်မှုဒိုင်းဆုကြီးပမာပင် ။ ထို့နောက်မှာတော့ သက်ပြင်းဖွဖွချပြီး မနိုင်ဘူးဆိုသောမျက်နှာထားနဲ့ လှည့်ကြည့်ကာ ၊
" ကဲ ပြောပါဦး ၊ ဘာလို့ကိုယ့်နေရာမှာမနေဘဲ ဒီဘက်ကိုကြွလာရတာလည်း ။ "
" ဟာ! ကိုခိုင်ကလည်း လူပါးနေပြီလေ ၊ ဘေးပတ်ဝန်းကျင်လည်း နည်းနည်းပါးပါးအာရုံစိုက်ဦး ၊ ဆိုင်ရှင်နော် ဆိုင်ရှင်၊ မေနိုင်းအကုန်'မ'သွားရင်တောင် သိလိုက်မှာမဟုတ်ဘူး။ "
" မေနိုင်းကို ယုံကြည်လို့ပေါ့ ။ "
ကိုခိုင့်ရဲ့ အပြုံးကအေးချမ်းတယ် ။
" ဆိုတော့ ၊ ခါတိုင်းလိုပဲ ပျင်းလို့လာရှုပ်တာမလား ။ "
" ကိုခိုင် YouTube ကြည့်နေတာလား ။ "
" အွန်၊ bakery's tutorial တွေကြည့်နေတာ ။ "
" ဘာလည်း ၊ menu အသစ်ထပ်ထုတ်ဖို့ လုပ်နေတာလား ။ "
" ထပ်လုပ်ရင်ကောင်းမလားလို့လေ ၊ အသစ် အသစ် တွေထွက်တော့ စာသုံးသူတွေအတွက် မရိုးရတော့ဘူးပေါ့ ။"
" အခုထိကို စီးပွားရေးသောင်းကျန်းနေတာပဲ... ငါတို့လူပျိုကြီးက ။ "
၂၄ နှစ်ကို လူပျိုကြီးဧရိယာထဲအတင်းထည့်နေတဲ့ မေနိုင်းဆိုသူကောင်မလေးကို ပြောလည်းမနိုင်မှန်းသိတော့ ခွန်းတုံ့ပြန်မနေတော့။
YOU ARE READING
ခိုင် [ Khaing ]
Romanceကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်အပေါ် အရာအားလုံးနဲ့ရင်းပြီး ချစ်တတ်ကြပါတယ် ၊ အချစ်ခံသူ ရဲ့ သဘောထားကို ထည့်မတွက် မိခဲ့ပဲပေါ့ ... Start-1.2.2021 End-25.5.2021 ကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်အပေါ် အရာအားလုံးနဲ့ရင်း ပြီး ချစ်တတ် ကြပါတယ် ၊ အချစ်ခံသူ ရဲ့ သေ...