*၉*

171 15 8
                                    


" မှိုင်းမိုင် မျက်နှာသွားသစ်ဦးလေ ၊ ကြွယ်စောင့်ပေးမယ် ။ "

" မျက်နှာမသစ်ချင်ရင် နံနက်စာလေးတော့ ထိုင်စားဦး ။ "

လက်မောင်းပေါ် ခပ်ဖွဖွပုတ်ကာ သတိပေးလိုက်သည့်တိုင် မလှုပ်မလျှက် ထိုလူသားကြောင့် သံစဉ်ကြွယ်ဆိုတာ လေဟာနယ်အလား ။

မျက်ကွင်းညိုမည်းမည်းနဲ့ မတ်တပ်ရပ်နေပုံက အရုပ်တစ်ရုပ်နယ် ခံစားချက်ကင်းမဲ့လှသည် ။ သို့သော် ထိုအရုပ်ရဲ့ မျက်လုံးကတော့ ကုတင်ပေါ်က လူနာထံမှ အနည်းငယ်တောင်မခွာ ၊ မျက်တောင်ခတ်ရမည်ကိုတောင် နှမြောနေသည့်အလား ။

လျစ်လျူရှုခံလိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်သွားပေမယ့် မှိုင်းမိုင်ကိုတော့အပြည့်အဝ နားလည်သည် ။ တစ်ဦးတည်းသော မိသားစုဝင်မလား၊ ဆုံးရှုံးရမှာ အရမ်းကိုကြောက်မိတဲ့ခံစားချက်မျိုး ကိုယ်ချင်းစာလို့ရသည် ။

" ကိုမခ အမြန်သတိရလာပါတော့ ၊ မဟုတ်ရင် ကိုမခ ညီ ရူးသွားလိမ့်မယ်။ "

အချိန်တွေကြာတဲ့အထိ မတ်တပ်ရပ်နေသူနဲ့ လဲလျောင်းနေသူတို့ဟာ ပုံစံမပျက် အရာအားလုံးက သူတို့နှစ်ယောက်အတွက် ရပ်တန့်နေသည့်ပမာ ။

" အင်း... "

ညီးညူသံ ဖွဖွနဲ့ မျက်လုံးပွင့်လာတဲ့ ကိုမခကြောင့်ထင်၏ စိတ်လျော့ လိုက်တဲ့ မှိုင်းမိုင်က ဒူးထောက်လျက်သား ကျသွားကာ လက်သီးတင်းတင်းဆုပ်ရင်း မျက်ရည်များစီးဆင်းသည် ။

" ခိုင်* "

ကြွယ်ကတော့ အပြေးအလွှား ဆရာဝန်ခေါ်သည်ပေါ့ ။ အင်း... ကြွယ်ကိုယ်တိုင်ကဆရာဝန် ဖြစ်တော့မှာ မှန်ပေမယ့် ချစ်ရသူရဲ့ ရင်နင့်ဖွယ်ပုံစံကြောင့် ဂနာမငြိမ်နိုင်‌ပေ။

🔗🔗🔗

မစိုးရိမ်ရတော့တဲ့ ကိုမခက မှိုင်းမိုင်အား တကိုယ်ရည် သန့်ရှင်းရန် ပြောကာမှ စိတ်မချသလို တစ်ချက်ကြည့်ရင်း ခပ်မြန်မြန် ထွက်သွားသည် ။

ကုတင်ကိုမှီကာ ထိုင်နေတဲ့ ကိုမခက ကျေးဇူးတင်သလို ပြုံးပြလာ၏ ။

" တမင်လုပ်တာမလား ၊ ကြွယ်မြင်လိုက်တယ်။ "

" ဘာရည်ရွယ်ချက်နဲ့လည်း ။ ဘာလို့မှန်း မသိပေမယ့် ကိုမခသာ တစ်ခုခု ဖြစ်သွားရင် ...အရင်ဆုံးရူးမှာက မှိုင်းမိုင်ပဲ ။ "

ခိုင် [ Khaing ]Where stories live. Discover now