*၈*

179 13 4
                                    


ဆိုင်ထဲဝင်လာတဲ့ မှိုင်းမိုင်က မနက်က အဝတ်အစားနဲ့ ပင်။

" အခြေအနေကောင်းရဲ့လား။ "

" ဘိုးတော်က ကြွယ့်ကို သိပ်ချစ်တာလေ၊ အဆင်မပြေဘူး ဆိုရင်တောင် ခါးခါးသီးသီး တော့လည်း မဟုတ်ပါဘူး။ "

" ဆိုင်သိမ်းတော့မှာလား ။ "

" ခနတော့ ကြာဦးမယ်။ ခိုင်စဉ်းစားနေတာ ၊ weekend တွေမှာတော့ အရင်အတိုင်းပဲဖွင့်မလားလို့ ။ "

" ကောင်းသားပဲ ၊ ကျွန်တော်လည်း လာကူလို့ ရတာပေါ့ ။ မေနိုင်းမက သင်တန်းသွားနေပြီလား ။"

" အွန်း ၊ သွားတာ သိပ်မကြာသေးဘူး။  "

" ဒါနဲ့ ၊ ယောက်ဖကရော ကြည်ဖြူရဲ့လား ။ "

" ယောက်ဖ ၊ ကြွယ်က တစ်ဦးတည်းသော သမီးပါ ခိုင်ရဲ့ ။ "

"ဟမ် ၊  "

" အင်း ၊ ခိုင်က ဘယ်လိုသိထားလို့လည်း ။ "

" ဘာရယ်မဟုတ်ပါဘူး ၊ ဟိုတနေ့က ဆိုင်တစ်ဆိုင်မှာ တွေ့လိုက်လို့ ။ "

" ကြွယ်နဲ့ ဆင်လို့လား ၊ "

" ဆင်တော့မဆင်ဘူးပေါ့ ၊ ဒါမဲ့ ရင်းရင်းနှီးနှီးဆက်ဆံရေးမျိုး၊... ခိုင့်ထက်တောင်အသက်ပိုကြီးမယ့်ပုံပဲ ၊ ခန့်ခန့်ချောချောနဲ့ ၊ "

ညီညီ့ မျက်ခုံးနှစ်ခုကြား မျဉ်းတန်း ပေါ်လာတာကြောင့် စိတ်အတွင်းမှ ပြုံးလိုက်သည် ။

" ခနနော် ခိုင် ၊ ကျွန်တော် ဖုန်းပြောလိုက်ဦးမယ် ။ "

" အင်း ၊ "

(ဖုန်းခေါ်ဆိုခြင်း📞)

" ကြွယ် ၊ ဟိုတနေ့က ဆိုင်တစ်ခုမှာ ကြွယ်နဲ့ ယောက်ျားတစ်ယောက်ကို တွေ့လိုက်တယ် ။ "
" အဲ့လူက ဘယ်သူလည်း။  "

"---"

" ကြွယ်! မေးနေတယ်လေ ၊ သူကဘယ်သူလည်းလို့။  "

" ကျွတ်စ်၊ အဖြေက သိပ်ခက်နေလား ၊ အဲ့လူက ဘယ်ကကောင်လည်း! ဘယ်သူလည်း!"

လမ်းပေါ်မှာရှိနေတဲ့ဗူးခွံတစ်ခုဆီ အားကုန်သုံးကာ ဒေါသဖြေလျော့မိသည်။

" ကြွယ်နဲ့ စေ့စပ်ထားတဲ့သူ ၊"

" တောင်းပန်ပါတယ် ။ တချိန်ချိန်မှာ ကြွယ် သူနဲ့ ကင်းအောင် ရှင်းမှာပါ ။ တကယ်ကို မတတ်သာတဲ့ အခြေအနေကြောင့်ပါ ၊ ရည်ရွယ်ချက်ရှိရှိ လိမ်ခဲ့တာမဟုတ်ပါဘူး ။ "

ခိုင် [ Khaing ]Where stories live. Discover now