*၄*

210 20 5
                                    


ရာသီဥတု တွေဖောက်ပြန်၏။

နွေရဲ့မနက်ခင်းတစ်ခုမှာ နှင်းမိုးတွေဆွေလို့ရယ် ။

တံစက်မြိတ်ကနေ အောက်မြေကမ္ဘာကို ခုန်ဆင်းကြတဲ့ ဆီးနှင်းရည်တို့က အနုပညာသမား တွေအတွက်တော့ ကဗျာနုလေးတစ်ပုဒ် ၊ ဂန္ဓဝင်ဆန်တဲ့ တေးသွားပမာ ဒါမှမဟုတ် အဖိုးမဖြတ်နိုင်တဲ့ ပန်းချီကားချပ် ။

ခံစားချက်ကို အရောင်တင်သည့် အနေဖြင့် lyrics ခပ်ငြိမ့်ငြိမ့်သီချင်းလေး ဖွင့်လိုက်သည် ။

ဆိုင်အတွင်း consumer တချို့ကလည်း coffee ပူပူလေး နဲ့ အဆင်ပြေလို့ ။

မကြာခင်ပဲ ထီးကလေးပိတ်ပြီး ထူထူထည်းထည်း အနွေးထည်ဆင်ယင်လို့ ဝင်လာတဲ့သူ ။

" မင်္ဂလာနံနက်ခင်းပါ ကိုခိုင်။ "

" မင်္ဂလာပါဗျာ။ "

လူက ခိုင့်ရှေ့မှာ ဆိုရင်တောင် မျက်လုံးအစုံက coffee bar သို့ ကူးလူးနေ၏ ။

" ကောင်းကောင်း လာမယ်ဆိုတာ သိလို့နေမယ် ၊ မှာသူမရှိပဲ coffee ဖျော်နေတာ အပြေးအလွှား ။ "

" အာ ၊ ကျွန်တော်က suprise လုပ်မလို့ကို ။ ဟီး "

ရယ်ကျဲကျဲနဲ့ မေနိုင်းဆီ ထွက်သွားတဲ့သူက မနက်တိုင်း ဒီအချိန်လာနေကျဆိုတာ မေ့လျော့နေသည်လား ။

ခုံနေရာလွတ်တစ်ခုမှာ ဝင်ထိုင်နေတဲ့ ကောင်းကောင်းဆီ အငွေ့တထောင်းထောင်း coffee ပူပူလေး ချပေးရင်း ကြင်ကြင်နာနာ၊တီတီတာတာ ပြုံးရယ်နေကြတဲ့ ချစ်သူနှစ်ဦးကြောင့် ကိုယ်ပါရောယောင်လို့ ပြုံးမိသည် ။ ဒီကလေးတွေက ပျော်ရွှင်ရဖို့ ထိုက်တန်ပါတယ်။

ကောင်းကောင်းအဖေရဲ့ ပြဿနာဖြစ်ပြီး ရက်သတ္တပတ်လောက်အထိ ဆိုင်ကိုရောက်မလာတော့။ ဒါပေမယ့် ပြန်လာသည့်နေ့ကစပြီး မနက်နဲ့ကျောင်းဆင်းချိန်တိုင်း ဆိုင်ကို ရောက်လာသည်။ နောက်တော့ မင်းရဲသူ ဆိုတဲ့ အလုပ်သမားကောင်လေး အသစ်ကို ထပ်မံခန့်လိုက်ရ၏။ ချစ်သူနှစ်ဦး ကြည်နူး နေချိန် ဆိုင်လည်းအဆင်ပြေတာပေါ့။

* ညီညီ ကျောင်းသွားရင် အနွေးထည် ထူထူ ‌ဝတ်သွားဦး ။ *

ပို့ထားတဲ့ message ကို ကြည့်ပြီး အခုချိန် ပြင်ပေးထားခဲ့တဲ့ မနက်စာ‌ကိုစားနေရဲ့လား လို့ တွေးမိသည်။ အခုတလော တစ်ခုခုအပေါ် အာရုံစူးစိုက်နေတဲ့ ညီညီကြောင့် ကျန်းမာရေးအတွက်စိတ်ပူရသည် ။ အရွယ်မငယ်တော့တဲ့ ညီညီက ဖြစ်ချင်တာရှိရင် ကလေးငယ်လို တဇွတ်ထိုးသိပ်ဆန်သည်‌ လေ ။

ခိုင် [ Khaing ]Where stories live. Discover now