extra

258 15 11
                                    

        ~မမေးနဲ့ ဖြေချင်ရာဖြေမယ်~

ဒီ program လေးမှာတော့ အရေးအသားညံ့ဖျင်းမှုကြောင့် မပေါ်လွင်တဲ့ ဇာတ်ကောင်စရိုက်နဲ့ အကြောင်းအရာ တချို့ကို ပြောပြပေးသွားမှာပါ။

ဖြောင်း👏 ဖြောင်း👏 ဖြောင်း👏

∆ ခိုင်က အသီးအရွက်စားရတာကြိုက်ပြီး မှိုင်းမိုင်က အသားငါးတွေကြိုက်ပါတယ်။ ခိုင်အမုန်းဆုံးက ငါးညှီနံ့ပါတဲ့ ၊ ဒါပေမယ့် မှိုင်းမိုင်အတွက်တော့ ငါးလေးအိုးကပ်ချက်ပေးလေ့ရှိပါတယ် ။

∆ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် သီးသန့်ခေါ်တဲ့နံမည်ကို အခြားသူလိုက်ခေါ်တာမကြိုက်ပါဘူး ။ (ဥပမာ-ခိုင်၊ညီညီ)

∆ မှိုင်းမိုင်က ကောင်းကောင်းကို အလုပ်ခန့်တာ မေနိုင်းကိုကြိုက်နေမှန်းသိလို့ပါ ။ သူတို့နှစ်ဦး ချစ်သူတွေဖြစ်သွားမှ ခိုင့်အတွက် ရင်အေးရမှာပေါ့ ။(အကြံကြီးသော ဝံပုလွေပျို)

∆ မှိုင်းမိုင်က ၅တန်းအရွယ်ကစပြီး ညတိုင်းခိုင့်ကို ခိုးနမ်းတတ်တဲ့အကျင့်ရှိပါတယ် ။ စေ့စပ်ပွဲအတွက် ဝတ်ဆုံလာမေးတာက အိပ်လောက်ပြီထင်ပြီး လာနမ်းတာပါ။ ဟိုက လောင်ကျွမ်းနေပေမယ့် သူကတော့ မလုံမလဲရှက်နေပါတယ်တဲ့။

∆   [" ယောက်ဖ ၊ ကြွယ်က တစ်ဦးတည်း  သော သမီးပါ ခိုင်ရဲ့ ။ "

       " ကြွယ်နဲ့ ဆင်လို့လား ၊ "

       " ဆင်တော့မဆင် ဘူးပေါ့ ၊ ဒါမဲ့ အရမ်းရင်စနှးတဲ့ပုံစံမျို ၊ ခိုင့်ထက်တောင်အသက်ပိုကြီးမယ့်ပုံပဲ ၊ ခန့်ခန့်ချောချောနဲ့ ၊ "]

ဒီအပေါ်ကစကားတွေထဲမှာ မှိုင်းမိုင်ခေါင်းထဲရောက်တဲ့ စကားက ခိုင့်ပါးစပ်ကထွက်တဲ့"ခန့်ခန့်ချောချောနဲ့" ဆိုတာပါ ။ တနေ့လုံး လောင်ကျွမ်းပြာကျနေတာ အဲ့ဒါတစ်ခုတည်းကြောင့်ပါပဲ ။

∆ သံစဉ်ကြွယ်၊ခိုင်၊မှိုင်းမိုင် ၃ဦးလုံးက သူထင်ရာအမှန်ဆိုပြီး တဇွတ်ထိုးညာဉ်တွေ ရှိပါတယ် ။

∆ မှိုင်းမိုင်ရဲ့ ပါးချိုင့်လေးက သူ့အမေအရင်းဆီက အမွေပါ။ ဒါကြောင့် အဖေအရင်းက အမေတူသားလေးလို့ သမုတ်တာ။

ခိုင် [ Khaing ]Where stories live. Discover now