*၁၀*

200 16 4
                                    


ညတုန်းကတော့မှောင်နေတဲ့ ပတ်ဝန်းကျင်က အခုတော့ နေရောင်‌ခြည်အောက်မှာ ဝင့်ဝင့်ထည်ထည် ။ သူတစ်ညလုံး ထိုအလှတရားကို ကြည့်နေမိတာပဲ ။

ဒုန်း* ဒုန်း*

" ခိုင်! ၊ ကျွန်တော့် တံခါးဖွင့်မရဖြစ်နေတယ် ။ "

" ခိုင်* အပြင်မှာ ရှိလား ၊ အသံ ပြန်ပေးဦး ။ "

" ခိုင်*"

" ရှိပါတယ်၊ ခိုင်လေ ညီညီ့အနား အမြဲရှိနေပါတယ်။ "

" တံခါးဖွင့်ဖို့ ကူပေးဦး ။ "

" ဖွင့်ရမယ်? အထဲမှာနေပါဦး ညီညီရယ်၊ ခိုင့်အနားက လုံးဝမထွက်သွားတော့မယ့်
အချိန်အထိ အထဲမှာ နေပါဦး။ "

" ခိုင်* အခုဘာတွေပြောနေတာမှန်း ကိုယ့်ဘာသာ သတိထားမိရဲ့လား။ "

" သား ခိုင်ရေ ၊ အမ‌ယ်လေး ။ "

" ဘွားခင်၊ "

ဘွားခင်ဆီ သွားဖို့အထ အချိန်အတော်ကြာ ခွေခေါက်ထားတဲ့ ခြေထောက်တွေသစ္စာဖောက်မှုကြောင့် ဘွားခင်ကပင် ပြန်တွဲထူရသည်။ တခါတလေတော့လည်း ဖြစ်ပျက်သမျှတွေက ယုံနိုင်စရာတောင်မရှိ။

" ဘာဖြစ်လို့လည်း ဘွားခင် ။ "

" မပြောချင်ပါဘူးအေ ၊ မင်းညီမလေ ။ "

ပြောလိုက်ပြီလား*
ဘွားခင် သိသွားပြီလား*

" လင်နောက်လိုက်သွားတယ်တဲ့ဟေ့ ၊ နှစ်ဖက်မိဘက သဘောတူပါတယ်ဆိုမှ သင်းတို့က ရွကိုရွတယ် ။"

" မနေ့ညက ပြန်မလာဘူး ၊ ဖုန်းတွေကလည်း စက်ပိတ်ထားလို့ စိတ်ပူနေရတာ ငါကလေ..."

" ဟို ကလေး မိဘတွေက လှမ်းအကြောင်းကြားမှ သိရတယ်။ ဟိုဘက်မိဘက အားနာလွန်းလို့ တောင်းပန်နေလိုက်ကြတာ ၊ ယောက်ျားလေးဘက်က ဘယ်လောက်ကဲကဲ သင်းကိုယ်တိုင်ကလည်း ပါလို့ကို ဖြစ်ရတာပေါ့ ။ ငါမခံစားနိုင်လွန်းလို့ပါ‌အေ၊ခေတ်ကာလသားသမီးတွေများ ဘယ်လိုတောင်ရွကြလည်းမသိ ။ "

" ခိုင်ရေ ၊ မင်းညီမ အခုတလောအလုပ်လာနိုင်မယ်မထင်ဘူး ။ အစ်ကိုဖြစ်သူကတော့ သင်တန်းလား ဘာလား ပိုက်ဆံအကုန်ခံပြီး ထားပေးလိုက်ရတာ ၊ သင်းကလို့ ရွလို့ ထလို့ ကောင်းနေတာ ၊ အားနာလိုက်တာခိုင်ရယ်။ "

ခိုင် [ Khaing ]Where stories live. Discover now