*၃*

239 16 4
                                    


နေရောင်ခြည် မတိုး‌‌ပေါက်နိုင်သေးသော အချိန်အခါမှာ ကြယ်စုများနဲ့ တစ်စင်းတည်းသောလမင်းက ထည်ထည်ဝါဝါ ထွန်းတောက်နေကြသည်။ မနက်ခင်းလေညှင်းအေးက တစ်နေ့တာအတွက် ခွန်အားပမာ ။

သာမန်သူတွေအတွက် စောလွန်းတဲ့အချိန် လို့ သတ်မှတ်နိုင်သော်လည်း လမ်းထိပ်က သူလိုကိုယ်လို ဈေးဆိုင်များကတော့ တက်တက်ကြွကြွ ခင်းကျင်းနေကြပြီ။ ခိုင်တို့လည်း ထို့နည်းတူပင် ။

" မေ ၊ ကျွန်တော်ရောက်ပြီ ။ "

ဆိုင်ခန်းရှေ့၌ ရပ်စောင့်ကာ သွားတိုက်ဆေး ကြော်ငြာရင်း နှုတ်ဆက်တဲ့မောင် ၊ တကယ်ဆို ဆိုင်ရှင်ကကိုခိုင်ဖြစ်ပါရဲ့နဲ့ လူကိုရှက်အောင် လုပ်သည် ။

ဟုတ်တယ် ၊ သူက မှိုင်းမိုင်ကိုယ်တိုင် ရွေးချယ်ခန့်ထားတဲ့ အလုပ်သမားအကူလေး ၊ အခုတော့ သူ့ချစ်ဦးသူ ၊ မကြာခင်မှာ ဖြစ်လာမယ့် သူ့အိမ်ထောင်ဦးစီးလေး ။

အိမ်ထောင်ဦးစီး အလောင်းအလျာလေးက မျက်ခွံ ခပ်မို့မို့ (အိပ်ရေးမဝတာလား (ဝါ) အအိပ်လွန်တာလား)၊နှုတ်ခမ်းထူထူ ၊ အရပ် ရှည် ယုံက လွဲရင် ခန္ဓာကိုယ်က ပိန်ပိန်ပါးပါး စက္ကူဖြူအလား ၊ ဆယ်တန်းဖြေပြီးကာစ ဒီကောင်လေးက စစချင်းတော့ ကိုခိုင်ကပဲ အကုန်သင်ကြားပေးရသည်။ မေနိုင်းဆိုတာ စိတ်မရှည်တတ် တစ်ခုသင်နေရင်း ပွစိပွစိဆူ‌ပြောလွန်းလို့ မခံသာတဲ့ကိုခိုင်ကပဲ ကြားဝင်ရခြင်း ၊ နောက်ပိုင်းမှမှတ်မိတာက ပီကေ ကောင်လေးဆိုတာပင် ၊ သတိတရ ပြန်ပေးမိတော့ မမ‌မေ အတွက်ပါတဲ့ ၊ ပါးစပ်ထဲ လချီနေတဲ့ပီကေထည့်ဝါးရင်း ဒီလောက်အပေါက်ဆိုးတဲ့ အမကြီးအနား တောက်တဲ့လိုလိုက်ကပ်နေရခြင်းကို ငေးမောပြီး စဉ်းစားမိတော့  သူကမျက်နှာရဲလို့ ကုတ်ကုတ်ကလေး ထွက်‌‌ပြေးသွားလေရဲ့။

ဆိုင်ကိုရောက်ပြီး ၂လ အကြာ မှိုင်းမိုင် အချွန်နဲ့မလို့ နဖူးမှာချွေးစလေးတွေသီတဲ့အထိ လက်သီးတင်းတင်းစုပ် အားကုန်သုံးကာ '‌ မေ့ကို ချစ်တယ် ၊ ' လို့ ကြုံးဝါး အော်ဟစ်တုန်းကလည်း အရှက်သည်းတဲ့ မေနိုင်းက ခေါင်းတစ်စက်စက် ငြိမ့်ပြမိသည် ။

အစတည်းက ရိပ်မိတဲ့အပြင် မခံစားဖူးတဲ့ ရင်ခုန်ခြင်းကို သူဟာဖန်ဆင်းသူမို့ ရွေးချယ်မှုဟာ မှန်ကန်ကြောင်း တစ်ထစ်ချ ယုံမှတ်လိုက်တယ် ၊ ကိုခိုင်ကလည်း ' မေနိုင်း ချစ်တတ်သွားပြီ ' ဆိုကာ ပီတိတွေဝေလျှက် ။

ခိုင် [ Khaing ]Where stories live. Discover now