ဖယ်ရီကားနောက်ကျလို့ ဘောလုံးမကန်ရတော့တဲ့ရှောင်းကျန့်ဟာ ရေချိုးထမင်းစားပြီးတာနဲ့ အိမ်ရှေ့အုတ်ခုံလေးမှာဂစ်တာတီးပြီး သီချင်းညီးနေတယ်....သူ့ကိုမြင်ရင် ဘော်ဒါတွေတစ်ယောက်ပြီးတစ်ယောက်ထွက်လာကြမှာဆိုတော့ တကူးတကလိုက်ခေါ်နေစရာတော့မလို...
ဂစ်တာတီးနေရင်း သူရှေ့ကနေအဝါလုံးလေးဖြတ်သွားတာမြင်တော့ ဂစ်တာကိုအသာချလို့ အနောက်ကလိုက်ဖို့ပြင်လိုက်တယ်...လက်ထဲမှာလဲပိုက်ဆံလေးကိုင်လို့ ကြည့်ရတာ လမ်းထိပ်က mini mart သွားမလိုထင်ပ။"ပူကြူကြူးတုံ ဘယ်သွားမလို့လဲ"
နောက်ကနေ ရှောင်းကျန့်ရဲ့အသံကြားတာနဲ့ ထိုအဝါလုံးလေးက ခြေလှမ်းတွေမြန်သွားတယ်....အဟက်! ဘယ်ရမလဲ....
"ဟေး ဖြေးဖြေးလျှောက်လေ ချှော်လဲပါအုံးမယ်"
".....""ပိစိ လိမ္မော်သီး ဖြေးဖြေးလျှောက်လို့ဆို ဟာ..."
အင့်!!!
ရှောင်းကျန့်ပြောနေရင်း ထိုကလေးကဘိုင်းကနဲချော်လဲပီ...
"ထ ထ ဘယ်နားနားသွားလဲ"
"လွှတ်""ဟေး မင်းကိုထူပေးနေတာလေကွာ ထ ထ ဘယ်နားထိသွားလဲပြပါအုံး အသေးလေးရဲ့"
ဒေါက်!
"အာ့ မင်း! ဟေးး"
ရှောင်းကျန့်ခေါင်းကိုခေါက်ပြီး ထိုကလေးက mini mart ထဲပြေးဝင်သည်...၊ တွေ့မယ် မင်းထွက်လာရဲထွက်လာကြည့်.....
တကယ်လည်း အဝါလုံးလေးက ဆိုင်ရှေ့မှာခါးထောက်ပြီးရပ်ကြည့်နေတဲ့သူ့ကိုကြောက်လို့ထင်ရဲ့ လုံးဝဆိုင်ထဲကပြန်ထွက်မလားဘူး၊
တစ်နာရီလောက်ကြာတဲ့အထိစောင့်ပြီး ဆိုင်ထဲကထွက်မလာတဲ့ပေါက်စကိုသနားလို့ အိမ်ကိုပဲပြန်သွားလိုက်ပြီး အုတ်ခုံရှေ့ပြန်ထိုင်နေလိုက်သည်...အိမ်နားကဘော်ဒါတစ်ယောက်နှစ်ယောက်ရောက်နေတော့ ဂစ်တာတီးပြီးသီချင်းဆိုဖို့ပြင်ကြတယ်....ရှောင်းကျန့်ကလမ်းထိပ်ကိုမျှော်ကြည့်နေတော့...
"လောင်ရှောင်း ဟိုမှာ"
ချောင်ဝမ်ပြရာကြည့်လိုက်တော့ အဝါလုံးလေးကရှောင်းကျန့်ကိုကြောက်လို့ တခြားလမ်းကပတ်ပြန်တာပဲ....
YOU ARE READING
ချစ်သော...💚