22

5.8K 452 2
                                    

တီ! တီ!

ရိပေါ်အချိန်ပိုင်းအလုပ်သွားဖို့အိမ်ကအထွက် အနောက်ကကားအမဲတစ်စီးလိုက်လာပြီး ဟွန်းတွေတောက်လျှောက်တီးနေတယ်...၊ လမ်းဘေးကပ်ပေးလိုက်တော့လဲကျော်တက်မသွားဘူး၊ လူကရပ်နေပေးတော့လဲ ထိုကားကပါလိုက်ရပ်နေတယ်...၊

ဒေါက်! ဒေါက်!

ကားမှန်တံခါးကိုခေါက်ကြည့်လိုက်တော့ မှန်ကျအလာမှာမြင်လိုက်ရတာက CEO Xiao...၊ ထင်သားပဲ။

"ဒါကဘယ်လဲ လာခေါ်မယ်ပြောထားတယ်လေ"

"ကျွန်တော်မှာတခြားအလုပ်ရှိသေးတယ် CEOနောက်လိုက်ဖို့အဆင်မပြေဘူး ကျွန်တော့အနောက်လဲဆက်မလိုက်လာပါနဲ့ ဟုတ်ပီလား"

ရိပေါ်ပြောပြီးတာနဲ့ချာကနဲလှည့်ပြီးဆက်သွားတော့ CEO ကားကလိုက်မလာတော့ဘူး။
လမ်းလျှောက်ရင်းဘောင်းဘီအိတ်ထဲကဖုန်းကတစ်ချက်တုန်သွားတာကြောင့်ထုတ်ကြည့်လိုက်တဲ့အခါ mini mart ဆိုင်ပိုင်ရှင်ဆီမှဖြစ်နေတယ်။ စာပါအကြောင်းအရာကတော့ ရိပေါ်ကို ၃လစာပေး၍အလုပ်ထုတ်လိုက်ခြင်းပဲ။
ချက်ချင်းဆိုသလို ဆိုင်ရှင်ဆီဖုန်းခေါ်လိုက်တော့...

📱 ဟယ်လို ဝမ်ရေ စိတ်မရှိပါနဲ့ကွာ ငါ့ဆိုင်မှာအလုပ်ပေးလို့မရတော့လို့ပါနော် ဒါပဲ ဒါပဲ

📱 ဟယ်လို ဟယ်လို

ဖုန်းဝင်တာနဲ့တလက်ဆက်ပြောသွားတဲ့ဆိုင်ရှင်ကြောင့်ရိပေါ်မှာဘာမှပြောချိန်မရလိုက်။ ရုတ်တရတ်ကြီးဆိုင်ရှင်ကသူ့ကိုဘာလို့အလုပ်ထုတ်ပစ်ရတာလဲ??? ဒါကြီးကတိုက်ဆိုင်တာတော့မဖြစ်နိုင်ဘူး။
ရိပေါ်နောက်လှည့်ကြည့်တော့ CEO ကားကရပ်နေတုန်းပဲ၊ လက်ထဲကဖုန်းကိုဘောင်းဘီအိတ်ထဲပြန်ထည့်ကာ CEO ကားနားပြန်လျှောက်သွားတယ် ဒိတခါတော့ ကားမှန်ခေါက်စရာမလိုပဲ သူရောက်တာနဲ့မှန်ကိုချပေးလာတယ်...။
CEO ပုံစံက သူ့ဆီပြန်လာရတဲ့အကြောင်းကိုသိနေသည့်အလား မချိုမချဉ်အပြုံးနဲ့ ရိပေါ်ကိုကြည့်နေတယ်....

"CEO တမင်လုပ်တာမလား"

"တမင်မဟုတ်ပါဘူးပေါက်စရာ ကိုယ်ဒီလိုမှမလုပ်ရင် ပေါက်စကဘယ်လိုလုပ်ကိုယ့်ဆီလိုက်တော့မှာလဲ"

ချစ်သော...💚Where stories live. Discover now