4

7K 655 20
                                    

"ရှောင်းကျန့် မင်းနဲ့ Bတန်းကကွင်းနဲ့ကြိုက်နေတယ်ဆို"

"ဘယ်ကကြားလာပြန်ပြီလဲ ဟောက်ရွှမ်းရာ"
"ကျောင်းသားတွေပြောနေကြတာပဲ"

ရှောင်းကျန့်တို့က Aတန်းကဆိုပေမဲ့ ကျောင်းမှာအချောဆုံးစာရင်းဝင်တစ်ယောက်ဖြစ်တဲ့ကောင်မလေးက Bတန်းမှာ ချောတဲ့လူအချင်းချင်းကို ပေးစားကြတာ ဘာအထာလဲမသိပေမဲ့ ရှောင်းကျန့်ကတော့အာရုံနောက်ရသည်....
တကယ်လဲမဟုတ်ကြပဲနဲ့၊ ငြိမ်ခံနေကြတဲ့မိန်းကလေးတွေဟာလဲ အဘက်ဘက်ကပြည့်စုံလွန်းတဲ့ရှောင်းကျန့်မို့လို့ပင် သူ့နေရာမှာသာမန်ကောင်လေးတစ်ယောက်ဖြစ်ကြည့်ပါလား ကက်ကက်လန်အောင်ပြန်စွာမယ့်ဟာတွေ....ရုပ်ဘယ်လောက်ချောချောအဲလိုဟာတွေ ရှောင်းကျန့်စိတ်မဝင်မစားပေ။

"အလကားပါးစပ်အရသာခံပြီးပြောနေကြတာ ဒါနဲ့ညနေမင်းငါနဲ့လိုက်မှာလား ဒီနေ့အိမ်ရှေ့မှာချိန်းပွဲရှိတယ်"

"လိုက်မှာလိုက်မှာ မင်းပြောပြပြီးထဲက ငါလိုက်ချင်နေတာ ကွာ အိမ်ကိုလဲခွင့်တောင်းပြီးပြီ မင်းနဲ့ဆိုစိတ်ချတယ်တဲ့"

ဒီနေ့ရှောင်းကျန့်တို့ ခြံရှေ့မှာဟိုဘက်ရပ်ကွက်ကလူတွေနဲ့ချိန်းပြီး ဘောလုံးစုကန်မဲ့အကြောင်း ဟောက်ရွှမ်းကိုပြောပြထားလို့ ရှောင်းကျန့်အဒေါ်အိမ်အသဲအသန်လိုက်ချင်နေခြင်းဖြစ်သည်...

တစ်နေကုန်စာမြန်မြန်သင်ပြီး ညနေရောက်တာနဲ့ဖယ်ရီရှိရာအမြန်ပြေးကြတော့သည်...ဖယ်ရီပေါ်ရောက်တော့လဲ ဖုန်းထုတ်ပြီးဂိမ်းဆော့ကြပြန်တဲ့ ရှောင်းကျန့်နဲ့ဟောက်ရွှမ်းတို့ဟာ ပတ်ဝန်းကျင်ကိုအာရုံမစိုက်တတ်မှန်းသိပ်သိသာလွန်းသည်...၊

"ရှောင်းကျန့်......"

ပစ်ချွဲချွဲအသံတစ်ခုက ရှောင်းကျန့်တို့နားထဲဝင်လာတာကြောင့် ဂိမ်းဆော့နေတဲ့လက်တွေရပ်သွားပြီး အသံလာရာမော့ကြည့်တော့ Bခန်းကကွင်း....

"ရှောင်းကျန့်....ဟို နင်လမ်းမှာစားရအောင်လို့"

သူ့ထံကမ်းပေးလာတဲ့ ချောကလက်တောင့်လေး....

"ဝိုးးး"
"ဝါးးး အားကျတယ်ဟေ့"

ကားပေါ်က ကျောင်းသား ကျောင်းသူတချို့ရဲ့အသံတွေထွက်ပေါ်လာတယ်...

ချစ်သော...💚Where stories live. Discover now