နာမည်ကြီး X Fashion က CEO Xiao ဆီမှာအလုပ်လုပ်ရမယ်ဆိုတော့ ကျိုးမင်တစ်ယောက် ဝမ့်ကိုအားကျတယ်ဆိုတာကြီးပဲထပ်နေအောင်ပြောနေတော့တာ၊
အဲအကြောင်းပြောနေရင်းမှ ဟိုတခါစတိုခန်းမှာမေ့လဲတုန်းက ကျိုးမင်ဆီဖုန်းဆက်ခဲ့တာ CEO Xiao ဆိုတာမှန်းသိခဲ့ရတယ်...၊ တော်တော်စိတ်ပူနေခဲ့တာတဲ့။"ဝမ် ငါ့ကိုပြောစမ်းပါ မင်းနဲ့ CEO Xiao ကဘာတွေလဲ"
"ဘာ ဘာကိုရမှာလဲ ဒီတိုင်း အလုပ်ရှင်နဲ့အလုပ်သမားပဲလေ"
"နိုး မဖြစ်နိုင်ဘူး မင်းတို့ကအရမ်းရင်းနှီးလွန်းတယ် မင်းတို့ကြားထဲတစ်ခုခုရှိရမယ်"
"အိုက်ယား ငါတို့ကငယ်ငယ်တုန်းကခင်ခဲ့ဖူးတယ်ကွာ အဲဒါကြောင့်နေမှာပေါ့"
"အယ် အယ် မင်းခုပြောသာပြောနေရတယ် တစ်ခုခုကိုမလုံသလိုဖြစ်နေတယ်နော်ဝမ်"
"ကျိုးမင် မသိရင်မင်းကစုံထောက်လား တကယ်ပဲ ငါရုံးသွားတော့မယ် ဘိုင့်"
"အေးအေး ကြွကြွ CEO ကြီးနဲ့လဲအဆင်ပြေပါစေကွာ"
ကျိုးမင်စကားကိုမသိချင်ယောင်ဆောင်ပြီး ကားဂိတ်သို့ထွက်လာခဲ့တယ်၊ ဒီနေ့က CEO ဆီမှာအလုပ်စဝင်ရမှာဆိုတော့ နောက်မကျအောင် တက္ကစီပဲစီးသွားဖို့လုပ်ရသည်...၊
တင်!
💬 ရုံးလာနေပြီလား
💬 လာနေပြီ လမ်းမှာ
💬 ကိုယ့်ရုံးခန်းကိုတန်းလာခဲ့နော်
CEO Xiao ပြောသလို ရုံးရောက်တာနဲ့ CEO ရုံးခန်းထိတန်းသွားတော့ အခန်းထဲမှာ အတွင်းရေးမှူးဖြစ်သူ ယွီပင်းနဲ့အတူတူထိုင်နေတာတွေ့ရပြီး ရှေ့ကစားပွဲမှာ စားစရာတွေကလဲအပြည့်....
"CEO ကျွန်တော်ရောက်ပါပြီ"
"ထိုင်... မနက်စာအရင်စား ဘာကြိုက်တတ်မှန်းမသိသေးလို့ အဆင်ပြေတာဝယ်ထားတယ်"
"ကျွန်တော်စားလာပါတယ် CEO"
"ဘာလဲ ကော်ဖီတစ်ခွက်နဲ့ ပေါင်မုန့်တစ်ချက်လား"
တကယ်လဲဒီနေ့မှ ကော်ဖီတစ်ခွက်ပဲသောက်ခဲ့တဲ့ ဝမ်ရိပေါ်က CEO ပြောစကားကိုပြန်ချေမပနိုင်ခဲ့ဘူး...၊
YOU ARE READING
ချစ်သော...💚