28

6.2K 457 10
                                    

ဖန်ဖန့်ကိုပြောဆိုပြီးတာနဲ့ရှောင်းကျန့်ရဲ့ခြေလှမ်းတွေက ဟိုတယ်လ်မှာရှိတဲ့ cctv တွေကိုကြည့်တဲ့အခန်းဆီသို့...၊

cctv မှာပြန်ကြည့်ရသလောက် toilet ထဲကိုရိပေါ်ဝင်သွားပြီးမကြာခင်မှာပဲ mask တပ်ထားတဲ့သန့်ရှင်းရေးဝန်ထမ်းနှစ်ယောက် တွန်းလှည်းတစ်ခုကိုတွန်းပြီးထပ်ဝင်သွားတာတွေ့ရတယ်...၊ ခဏအကြာမှာတော့ ထိုသန့်ရှင်းရေးဝန်ထမ်းနှစ်ယောက်ပဲထွက်လာပြီး ရိပေါ်ပြန်ထွက်သွားတာကိုမတွေ့ရတော့တာမို့ သူတို့ယူလာတဲ့တွန်းလှည်းထဲမှာရိပေါ်ပါသွားတာသေချာသလောက်ရှိတာမို့ ထိုလူတွေသွားတဲ့တစ်လျှောက်မှာရှိတဲ့ cctv တွေကိုပြန်ကြည့်ပြီး တစ်ခုခုလုပ်ရန်ရှောင်းကျန့်ဆုံးဖြတ်ချက်ချရတော့တယ်...

"ယွီပင်း မင်းနဲ့ချူးလန်ဒီဆွဲကြိုးကိုယူပြီး ရဲစခန်းကိုသွားပြီးပြလိုက် ပြီးရင် ငါ့ location အတိုင်းတာဝန်ရှိတဲ့သူတွေခေါ်ပြီးအမြန်လိုက်လာခဲ့ကြားလား"

"CEO တစ်ယောက်ထဲအဆင်ပြေပါ့မလား ကျွန်တော်ပါလိုက်ခဲ့ပါမယ်"

"မလိုဘူး ချူးလန်တစ်ယောက်ထဲအဆင်ပြေမှာမဟုတ်ဘူး မင်းနေခဲ့မှရမှာ နောက်တစ်ခုရှိသေးတယ် ဒီကိစ္စကိုဘယ်သူမှမသိစေနဲ့ လူတွေအများကြီးသိသွားရင် ဖြေရှင်းရမှာတွေများသွားလိမ့်မယ် နားလည်လား"

"ဟုတ် နားလည်ပါပြီ CEO "

"ရှောင်းကျန့် သတိထားနော်"

ယွီပင်းဆီကကားသော့ကိုတောင်းပြီး ကားထဲရောက်တာနဲ့ ဖုန်းကိုဖွင့်ကာ map မှာပေါ်နေတဲ့ပုံရိပ်နောက်ကိုလိုက်ရန်ပြင်လိုက်သည်...

ရိပေါ်ကိုခေါ်သွားတဲ့ကားလမ်းကြောင်းက အဝးပြေးလမ်းပေါ်ဦးတည်နေတာကြောင့် အနောက်မှမှီအောင်အမြန်လိုက်ပြီး မှီတဲ့အချိန် မရိပ်မိအောင်ခပ်လှမ်းလှမ်းမှနေကာ မျက်ခြေမပျက်အောင်မောင်းရသည်...၊

အဝေးပြေးလမ်းပေါ်ရောက်တဲ့အခါမှာ ရိပေါ်တို့ကားက နားနေစခန်းတစ်ခုက စားသောက်ဆိုင်တွေရှိတဲ့ဘက်မောင်းသွားတာမို့ ရှောင်းကျန့်လဲလိုက်မောင်းသွားပြီး မတူတဲ့ဆိုင်ရှေ့မှာကားကိုရပ်ထားပြီးအခြေအနေကိုလှမ်းကြည့်နေမိတယ်...

ချစ်သော...💚Where stories live. Discover now