"ရိပေါ်ပြိုင်ပွဲမှာ ဖန်ဖန်ကသူ့လူပါထည့်အုံးမှာတဲ့ နင်ဘယ်လိုလုပ်မှာလဲရှောင်းကျန့် ငါကတော့ ရိပေါ်ကိုအပြည့်အဝယုံကြည်တယ်နော် သူ့မှာပါရမီပါတယ် နေရာတစ်ခုရမှာတော့အမှန်ပဲ"
CEO ရုံးခန်းတွင်း ယွီပင်းရဲ့ပြောပြမှုကြောင့် ရိပေါ်ပြိုင်ပွဲကို ဖန်ဖန်ဝင်နှောက်ယှက်နေကြောင်းသိရသဖြင့် မစ်ချူးလန်ကတော့ ရိပေါ်ဘက်ကမခံနိုင်ဖြစ်နေသည်...၊
"နင်ယုံကြည်တယ်ဆိုမှတော့ ပြီးပြီပေါ့ချူးလန်ရ ဖန်ဖန့်လူဆိုတာလဲဂရုစိုက်မနေနဲ့ လွှတ်ထားလိုက် အားလုံးကငါစီစဉ်တဲ့အတိုင်းပဲဖြစ်လာရမှာ"
"အေးပြီးရော ဒါဆိုငါသွားမယ် ပြိုင်ပွဲကလဲသိပ်မလိုတော့ဘူး ရိပေါ်လဲစိတ်လှုပ်ရှားနေတယ် နင်နည်းနည်းဂရုစိုက်လိုက်အုံး"
"အေးပါ ကျေးဇူးပဲချူးလန်"
ချူးလန်ထွက်သွားပြီးတော့ ယွီပင်းက လက်မှာကိုင်ထားတဲ့ဖိုင်ထဲကနေ ဓာတ်ပုံတချို့ရှောင်းကျန့်ကိုထုတ်ပြသည်။
"ဒါက..."
"ဒါတွေက CEO ခရီးသွားနေတုန်းကနေစပြီး လက်ရှိအချိန်အထိ ရိပေါ်ရဲ့နောက်ကွယ်ကပုံတွေပါ"
"အင်း မသင်္ကာစရာဘာတွေ့သေးလဲ"
ရှောင်းကျန့်က ဓာတ်ပုံတွေကြည့်ရင်းမေးတာမို့ ယွီပင်းကတစ်ပုံရွေးယူပြီး ရှောင်းကျန့်ရှေ့ပြကာ...
"ပုံတိုင်းမှာ ရိပေါ်နောက်ကိုလည်ပင်းမှာတက်တူးထိုးထားတဲ့လူနှစ်ယောက်လိုက်နေပေမဲ့ ဒီပုံမှာကျ အဲလူနှစ်ယောက်အပြင် ရိပေါ်ကိုဓာတ်ပုံလိုက်ရိုက်နေတဲ့လူတစ်ယောက်ပါတွေ့ရတယ် CEO "
"သူတို့ကအဖွဲ့မတူဘူးလား"
"မတူဘူးထင်တယ် ကျွန်တော်တို့လူတစ်ယောက် အဲ့လူနောက်လိုက်ကြည့်တော့...ဟို"
"ဖန်ဖန်လား?"
"CEO ဘယ်လိုသိတာလဲ..."
"ဟက်! ဖန်ဖန်က သူလိုချင်ရင်မရရအောင်ယူတဲ့လူစားမျိုးပဲ သူများပိုင်ဆိုင်ထားရင်တောင် အဲသူများကိုဖျက်စီးပြီး သူလိုချင်တာရအောင်ယူမှာ ဒါပေမဲ့ ဖန်ဖန့်ကိစ္စအတွက်မပူနဲ့ယွီပင်း ရိပေါ်နောက်လွှတ်ထားတဲ့လူတွေကိုပဲသေချာဂရုစိုက်ပေးဖို့ပြောပေးပါ"
YOU ARE READING
ချစ်သော...💚