30

6.6K 488 11
                                    

နေ့ရက်တိုင်းကို ပြက္ခဒိန်မှာကြက်ခြေခတ်လိုက်ရုံနဲ့တင် ပြီးဆုံးသွားဖို့မျှော်လင့်ပေမဲ့ တာဝန်နဲ့ဝတ္တရားအရ နာရီပြည့်တဲ့အထိ ဖြတ်ကျော်ရပါတယ်...
ရှောင်းကျန့်အဖို့စိတ်အကျေနပ်ဆုံးအချိန်က တစ်နေ့တာပြီးဆုံးချိန်ကို ပြက္ခဒိန်မှာကြက်ခြေခတ်ရတဲ့အချိန်ပဲဖြစ်ပါလိမ့်မယ်.... ချစ်ရသူထွက်သွားတဲ့နေ့ကစပြီး မှတ်လာလိုက်တဲ့နေ့တွေ့က ပြန်တွေ့ရဖို့သိပ်မလိုတော့ကြောင်းပြနေလေပြီ။
ပြီးခဲ့တဲ့ရက်တွေက အလုပ်တွေလုပ်လိုက် ပွဲတွေတက်လိုက် သူငယ်ချင်းတွေနဲ့တွေ့လိုက် အချိန်တွေဖြုန်းခဲ့သလို ဘယ်သူနဲ့မှအဆက်အသွယ်မလုပ်ပဲ တိတ်ဆိတ်နေခဲ့တဲ့နေ့ရက်တွေလဲရှိခဲ့တယ်...တခါတလေ ရိပေါ်နဲ့စတွေ့ခဲ့တဲ့ မိန်မိန်တို့အိမ်ကိုသွားပြီး ဝရံတာမှာထိုင်နေတတ်ပြန်တယ်...
ဆရာဝန်ဖြစ်ချင်ခဲ့တဲ့မိန်မိန်က အခုဆိုဆရာဝန်ပေါက်စဖြစ်နေပြီ ရှောင်းကျန့်နဲ့တွေ့တိုင်း ရိပေါ်အကြောင်းမေးတတ်သလို ရိပေါ်ကိုလွမ်းလို့သူတို့အိမ်ရောက်တိုင်း ဘေးနားမှာ တိတ်တိတ်လေးလာထိုင်နေတတ်တယ်...၊
အဲ့အိမ်ရောက်ရင် တစ်ချိန်ကစွာတေးလေးကိုလဲသတိရမိပါရဲ့....။

ရိပေါ်ပြန်ရောက်တော့မဲ့ရက် နီးကပ်လာမှ ရှုပ်လိုက်တဲ့အလုပ်တွေဆိုတာလဲ တစ်သက်လုံးစီးပွါးရေးပဲလုပ်လာတဲ့ ရှောင်းကျန်က ဒီတခါမှာငြီးငြူမိနေသေးတယ်...

"မနက်ဖြန် ပြင်သစ်ကလာတဲ့ မစ္စတာရော်ဘင်ကိုလေဆိပ်မှာသွားကြိုရပါမယ် CEO "

"အိုကေလေ ဘယ်အချိန်လဲယွီပင်း"

"မနက်၇နာရီပါ သူ့ကိုကြိုပြီး ဟိုတယ်လ်မှာပဲ breakfast အတူတူစားဖို့စီစဉ်လိုက်မယ် အဆင်ပြေမလား CEO"

"အင်းပြေပါတယ် မနက်ဖြန်အတွက် stylist မလွှတ်နဲ့တော့ ငါ့ဘာသာပဲစီစဉ်လိုက်တော့မယ်"

"ဟုတ်ကဲ့ပါ CEO"

အရေးကြီးတဲ့နိုင်ငံခြားကဧည့်သည်ဖြစ်တဲ့အပြင် မနက်စောစောသွားရမှာကြောင့် ဒီနေ့ကိုအလုပ်စောဆင်းပြီးအိမ်ပြန်ဖို့ပြင်တယ်...ကွန်ဒိုကိုတန်းမပြန်ပဲ မိဘတွေအိမ်ဝင်ချင်တဲ့ရှောင်းကျန့်က တစ်လမှာတစ်ခါတောင်မရောက်ဖြစ်တဲ့ မိဘတွေရှိရာကိုရောက်တော့...

ချစ်သော...💚Where stories live. Discover now