စက်ရုံကိုလူကြီးတွေလာမယ်ဆိုတော့ သက်ဆိုင်ရာဌာနအသီးသီးကလူတွေကအလုပ်ရှုပ်နေသလို ဝမ်တို့ကုန်တင်ကုန်ချအပိုင်းမှာလဲ ဒီနေ့မှရောက်လာတဲ့ကုန်ကြမ်းတွေရော ဈေးကွက်ထဲထုတ်ပိုးပြီးပို့ရမဲ့ပစ္စည်းတွေအတွက်ရောနဲ့ အလုပ်များလျက်ရှိနေကြသည်...၊
"အားလုံးပဲ ဒီနေ့လူကြီးတွေလဲလာမယ်ဆိုတော့ ကိုယ့်တာဝန်ကိုယ်ကျေပါစေနော် ဒီနေ့မှငါတို့ဌာနကအလုပ်ပိုများနေတော့ပြောစရာမဖြစ်စေနဲ့"
"ဟုတ်ကဲ့ပါ!!!"
လီကျဲက သူ့ရုံးခန်းပေါက်ဝကနေ တစ်ဌာနလုံးကြားအောင်အော်ပြောနေတော့ ဌာနကလူတွေကလဲ အကုန်လုံးကြားကြောင်းပြန်အော်ကြရသည်။
"ဝမ် ဝမ် ခဏလေး ကျဲကိုဒီစာရင်းလေးခဏလောက်ကူစစ်ပေးပါလား ပြီးရင်အပ်ရမှာမို့လို့ တခြားလူတွေလဲမအားလို့လေ"
ကားပေါ်ကပစ္စည်းတွေကို တစ်ထုတ်ချင်းစီချပြီး တွန်းလှည်းပေါ်တင်ကာဝင်လာတဲ့ ဝမ့်ကို လီကျဲကလှမ်းခေါ်ရင်းပြောတယ်... တခါတလေ လီကျဲက စာရင်းစစ်ရတာများတဲ့နေ့ဆို ဝမ့်ကိုခေါ်ပြီးကူစစ်ခိုင်းနေကျမို့ တွန်းလှည်းကိုခဏရပ်ထားရင်း စာရင်းကူစစ်ပေးဖို့ပြင်လိုက်သည်၊
စာရင်းလုပ်ရင်းခဏအကြာမှာတော့ ဌာနကလူတစ်ယောက်ကပြာပြာသလဲ လီကျဲရုံးခန်းထဲဝင်လာကာ..."လီကျဲ မန်နေဂျာကသူ့ရုံးခန်းထဲအခုချက်ချင်းလာခဲ့ပါတဲ့"
"ဟေ ဘာဖြစ်လို့လဲ"
"ဟို ကျဲတို့စာရင်းလုပ်နေတာကို မြင်သွားကြတယ်"
"ဟယ် ငါတော့သေတော့မှာပဲ ဝမ်ရေ"
ငိုတော့မလိုမျက်နှာဖြစ်နေတဲ့လီကျဲကြောင့် ဝမ်ရဲ့စစ်လက်စစာရင်းစာအုပ်ကိုပိတ်ကာ မတ်တပ်ထရပ်ရင်း...
"ကျွန်တော်လိုက်ခဲ့ပေးရမလားကျဲ"
"ရတယ် ရတယ် ဝမ် ကိုယ့်အလုပ်ကိုသွားလုပ်လိုက်တော့နော်"
"ဟုတ်"
ဝမ့်ကိုထွက်သွားခိုင်းလိုက်ပြီး လီကျဲတစ်ယောက်ကိုယ့်ကိုကိုယ်သေချာပြင်ဆင်ကာ မန်နေဂျာရုံးခန်းသို့ထွက်လာခဲ့တော့သည်...၊
အခန်းထဲဝင်လိုက်တဲ့အခါမှာတော့ မန်နေဂျာအပြင် ဒီနေ့ကုမ္ပဏီကိုလာစစ်ဆေးတဲ့ ရုံးချုပ်ကလူတွေပါထိုင်နေတာမြင်တော့ လူကအငွေ့ပျံချင်သွားတယ်...
YOU ARE READING
ချစ်သော...💚