After Marriage 5

2.8K 180 19
                                    

"တွေ့ရတာ ဝမ်းသာပါတယ် ဝမ် ကျွန်တော်က ယွမ်ကျားရှင်းပါ"

လက်ကမ်းပေးတဲ့သူရဲ့အပြုံးက နှစ်လိုဖွယ်ကောင်းပြီး ရှေ့မှဝမ်ရိပေါ်ရဲ့ တဖန်လက်ကမ်းလာမှုကိုစောင့်ကြိုနေဟန်...၊

"ကျွန်တော်လဲတွေ့ရတာဝမ်းသာပါတယ် ပွဲအတွက်ကူညီပေးတာလဲကျေးဇူးတင်ပါတယ်"

"မဟုတ်တာ ချူးလီကျဲကအကူအညီတောင်းတဲ့အပြင် ပွဲက X Fashion ကပွဲ ပြီးတော့ ဝမ်ဦးဆောင်တဲ့ပွဲဆိုတော့ အဲလိုပွဲမျိုးကိုငြင်းတဲ့လူက မိုက်မဲရာကျမှာပေါ့"

"အမလေး ယွမ်ကျားရှင်းတို့များအပြောတော်တော်ကောင်းနော် ကောင်းပါတယ် ရိပေါ်နဲ့အခုလိုရင်းရင်းနှီးနှီးမြင်ရတာ အလုပ်လုပ်လို့ကောင်းတာပေါ့ ဒါပေမဲ့တစ်ခုပြောရအုံးမယ် CEO Xiao ကိုတော့ဝေးဝေးရှောင်နော် သူ့အသဲအသက်လေးကို တအားးးသဝန်တိုတာ"

"ကျဲ..."

"ဟားဟား စတာပါရိပေါ်ရယ် ကဲ ကဲ ဒါဆို အလုပ်လေးစလိုက်ကြတော့မလား"

"ဟုတ်"

ရိပေါ်တို့ပွဲမှာသုံးဖို့ မော်ဒယ်လ်တစ်ယောက်က ပွဲနီးကာမှ အစာအိမ်အောင့်လို့ဆေးရုံတက်ရတဲ့အဆင့်ဖြစ်သွားတော့ ချူးလီကျဲကနေမှ သူဒီရက်ပိုင်းမျက်စိကျနေတဲ့ မော်ဒယ်လ်တစ်ယောက်ရှိတယ် ခေါ်သုံးချင်လားမေးတာနဲ့ ဓာတ်ပုံတွေဘာတွေကြည့်ပြီး အခုလူချင်းတွေ့ဖို့ဖြစ်လာတယ်....၊
အပြင်မှာမြင်လိုက်တော့လည်း မဆိုးပါဘူးဟုတွေးလိုက်မိသည်... အရပ်ရှည်တဲ့အပြင် အသားဖြူပြီးကြည့်ကောင်းတော့နာမည်ကြီးနေတာလဲမဆန်းပေ...၊
ပွဲအကြောင်းသေချာလေးရှင်းပြပြီး ပြင်ဆင်ရမဲ့အပိုင်းတွေပြောပြတော့လည်း စိတ်ဝင်တစားလိုက်မှတ်နေတာတွေ့ရတော့ ရိပေါ်ပိုလို့သဘောကျမိသွားသည်...၊
ရိပေါ်လိုချင်တာ ကြည့်ကောင်းတဲ့သူပဲမဟုတ် အလုပ်ကိုလည်းတကယ်စိတ်ဝင်တစားနဲ့တန်ဖိုးထားတတ်တဲ့သူမျိုးကို...၊
အင်းလေ ချူးလီကျဲခေါ်လာတဲ့သူပဲဟာ တော်ရုံတော့ဘယ်ဟုတ်ပါ့မလဲ...။

"ကောင်းပါပြီ ဒါဆို မနက်ဖြန်ကစပြီး ယွမ်ကျားရှင်းက rehearsal လုပ်ဖို့ဒီကိုလာပေးပါ ရက်ကကပ်နေပြီဆိုတော့ နဲနဲတော့ပင်ပန်းမယ်ထင်တယ်"

ချစ်သော...💚Where stories live. Discover now