"ဟက်! CEO Xiao က ဗျာ....."
ရှေ့တွင်မထီမဲ့မြင်ရယ်နေတဲ့ ယွမ်ကျားရှင်းက ရိပေါ်ရှေ့မှာမြင်နေကြ ကျားရှင်းနဲ့မတူ...၊ အပေါ်ယံအရေခွံခြုံလို့ ရိပေါ်နားကိုချဉ်းကပ်လာတယ်ဆိုတာ ခန့်မှန်းမိတာမို့ ကျားရှင်းကိုယုံကြည်ရတဲ့လူစာရင်း မထည့်ခဲ့မိတာ ရှောင်းကျန့်မှန်သွားတယ်....။
"ဒီလိုနေရာမျိုးကို ဘာဖြစ်လို့ရိပေါ်ကိုချိန်းရတာလဲ ယွမ်ကျားရှင်း"
"ဝမ်နဲ့ကျွန်တော် ဒီလိုမျိုးတွေ့တာ ၂ကြိမ်ရှိသွားပြီ အဲဒါ CEO Xiao သိလား"
ကျားရှင်းစကားကြောင့် ရှောင်းကျန့်မျက်မှောင်ကြုံ့မိသွားသလို ပေါင်ပေါ်တင်ထားတဲ့လက်နှစ်ဖက်က လက်သီးစုပ်သဏ္ဍာန်ပြောင်းသွားသည်....၊
ရှောင်းကျန့်အမူအယာပျက်သွားတာကို မြင်လိုက်တဲ့ကျားရှင်းက ကျေနပ်စွာတစ်ချက်ပြုံးရင် ရှေ့မှအရက်ခွက်ကိုယူလို့သောက်တယ်....
သူဒီနေ့ ဝမ့်ကိုဖွင့်ပြောဖို့ ရည်ရွယ်ထားပေမဲ့ တကယ်တမ်းရောက်လာတာက CEO Xiao ဖြစ်နေတဲ့အခါ ကျားရှင်းကိုယ်တိုင်လဲမျက်နှာပျက်ရတယ်...။"ဘေဘီက သူခင်မင်တဲ့သူဆိုအရမ်းယုံကြည်တတ်တယ် သူ့ရဲ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်ရင် မင်းသူမုန်းတာခံရလိမ့်မယ်"
"ဟက်! အခုက CEO Xiao က ကျုပ်ကိုတရားလာချနေတာလား ချိန်းခြောက်နေတာလား စိတ်ချပါ ဝမ့်ရှေ့မှာ ကျုပ်ကလိမ္မာတဲ့အမျိုးသားပါပဲ ဝမ်ကလဲကျုပ်ကိုယုံကြည်နေတာပဲလေ"
"မင်းကိုငါ စကားအများကြီးမပြောချင်ဘူး ယွမ်ကျားရှင်း မင်းဘေဘီနဲ့ဝေးဝေးနေပေးပါ ငါမသိပဲအခုလိုတွေ့ဖို့ခေါ်တာတွေ မလုပ်နဲ့ ဒါ နောက်ဆုံးပြောခြင်းပဲ"
ကျားရှင်းကိုသတိပေးစကားပြောပြီးတာနဲ့ ရှောင်းကျန့်ကထပြန်ဖို့ပြင်တယ်...၊
"ကျုပ်က ဝမ့်နားမှာနေဖို့ ဒီထက်ပိုကြိုးစားမယ်ဆိုရင်ရော??"
မေးကြောတွေထောင်သွားတဲ့ ရှောင်းကျန့်ဟာ ယွမ်ကျားရှင်းကိုနောက်လှည့်မကြည့်ပဲနှင့်.....
"ဒါဆိုရင်တော့ မင်း ကိုယ့်သေတွင်းကိုယ်တူးတာပဲလို့ မှတ်ထားလိုက်"
YOU ARE READING
ချစ်သော...💚