15

6K 492 3
                                    

ကြီးမားလှသည့်အဆောက်အအုံအောက်မှာ လက်ထဲကိုင်ထားတဲ့လိပ်စာကဒ်လေးကိုကြည့်လိုက် အဆောက်အဦးကြီးကိုမော့ကြည့်လိုက်နဲ့လုပ်နေတဲ့ကောင်လေးတစ်ယောက်ဟာ အထဲကိုဝင်ဖို့အတန်ကြာသည်အထိ တွန့်ဆုတ်လျက်ရှိနေသည်...၊

အထပ်၅၀ထက်မနည်းမြင့်လှတဲ့ ဒီအဆောက်အဦးကြီးမှာသူသွားရမှာကအထပ်၃၀မို့ ဓာတ်လှေကားထဲရောက်တာနဲ့နံပါတ်၃၀ကိုတန်းနှိပ်လိုက်သလို တမင်စောလာခဲ့တာမို့လဲ ဓာတ်လှေကားတွင်း ဝန်ထမ်းတစ်ယောက်နဲ့သာကြုံရသည်။

အထပ်၃၀ရောက်တော့ တံခါးပွင့်သွားတာနဲ့မြင်လိုက်ရတာက 'Fashion by FenFen' ဆိုတဲ့ဆိုင်းဘုတ်။

Reception ကအစ်မကို စက်ရုံကလာတဲ့ဝန်ထမ်းပါဆိုပြီးပြောတော့ ခဏထိုင်စောင့်ခိုင်းတာမို့ ထိုင်ရမဲ့နေရာမှာသွားထိုင်ရင်း ပတ်ဝန်းကျင်ကိုအကဲခတ်နေမိတော့သည်..၊

နိုင်ငံအသီးသီးကအသိအမှတ်ပြုလက်မှတ်တွေ၊ အနုပညာရှင်တွေနဲ့တွဲရိုက်ထားတဲ့ပုံတွေ၊ နာမည်ကြီးခဲ့တဲ့ဒီဇိုင်းပုံတွေကိုနံရံတွေမှာအစီအရီချိတ်ဆွဲထားတာကြည့်ချင်းအားဖြင့် ဒီဇိုင်နာဖန်ဖန်ဆိုပြီးနာမည်ကြီးတာလဲမဆန်းကြောင်းတွေးမိတယ်...

"ဝမ်ဆိုတာလား?"

အတွေးလွန်နေရာမှ ခေါ်သံကြောင့်အနားမှာလူရောက်နေမှန်းသိသည့်အဖြစ်...

"ဗျာ ဟုတ်ပါတယ်"
"အင်း ဒါဆိုတို့နဲ့လိုက်ခဲ့နော်"

ဝန်ထမ်းအစ်မခေါ်ရာနောက်လိုက်သွားတဲ့တလျှောက် ဝမ်တစ်ယောက်ပါးစပ်အဟောင်းသားနဲ့ဖြစ်သွားသလို ခေါင်းကအစတစ်ပတ်လည်နေမိတယ်....
အမျိုးမျိုးသောအင်္ကျီတွေဘောင်းဘီတွေအပြင် accessories တွေကအစဆင်ထားတဲ့အရုပ်ပေါင်းစုံတွေရှိတာကတစ်ခန်း၊ accessories တွေအတွက် handmade လုပ်တဲ့အခန်းကတစ်ခန်း၊ အထည်တွေအတွက် pattern ထိုင်ဆွဲရတဲ့အခန်းကတစ်ခန်း စသဖြင့် ခေါင်းအစခြေအဆုံးအလှဆင်ဖို့ အခန်းတိုင်းသေချာပြင်ဆင်ထားတာမျိုး အဲဒါကြောင့်လဲ ဒီဇိုင်နာဖြစ်ချင်သူတော်တော်များများက ဖန်ဖန်ဆီမှာအလုပ်လာလုပ်ချင်ကြတာနေမယ် ဝမ်ကြည့်ကြည့်နေကျ ဒီဇိုင်းနဲ့ပတ်သတ်တဲ့ဗီဒီယိုတွေထဲတောင် ဖန်ဖန်တို့ဟာတွေပါနေတတ်သည်။

ချစ်သော...💚Where stories live. Discover now