"လိုက်မလာနဲ့လို့ပြောနေတယ်လေ"
"ဘေဘီကကွာ ကိုကို့ကိုအဲလောက်ရက်စက်တော့မှာလား"
"ရက်စက်မှာပဲ မကြိုက်တာလုပ်တာကိုး..."
ရှောင်းအိမ်တော်ရှေ့ ကားရပ်ပြီဆိုတာနဲ့ ကားတံခါးဖွင့်ပြီး အိမ်ထဲတန်းဆင်းသွားသော ပေါက်စက ရှောင်းကျန့်ကိုစိတ်ကောက်နေသဖြင့် နှုတ်ခမ်းတွေကဆူပုပ်လျက်ရှိနေတယ်....၊
"ဟဲ့ ဘာဖြစ်လာကြတာလဲ ကျန့်ကျန့် ဝမ်လေးကိုဘာတွေအနိုင်ကျင့်ထားပြန်ပီလဲ"
"မားရာ သားက မတရားချစ်လွန်းလို့ယူထားတာကို ဘာလို့အနိုင်ကျင့်ရမှာလဲဗျာ"
"အမလေး အနိုင်မကျင့်ဘူးဆိုရင်ရပြီပေါ့ အမြင်ကပ်စရာကောင်းအောင်ပိုလွန်းတယ် ဟွန့် လာ ဝမ်လေး သားလာမယ်ဆိုလို့ သားကြိုက်တာတွေမားချက်ထားတယ်"
"ဟုတ် မား သူ့ကအိမ်ပြန်လိမ့်မယ် သားကဒီမှာအိပ်မှာ"
"ဟာ မရဘူး မရဘူး ဘေဘီကိုယ့်ကိုကြိုက်သလောက်စိတ်ဆိုးလို့ရတယ် ကိုယ်နဲ့တော့ခွဲနေလို့မရဘူး"
"နေမှာပဲ ခင်ဗျားကသစ္စာမှမရှိတာ လူလိမ် လူညာကြီး"
"ဟဲ့ နေကြပါအုံး ဘာတွေဖြစ်လာလဲပြောကြစမ်းပါအုံး ကျန့်ကျန့် မားကိုပြောစမ်း"
အမေဖြစ်သူကိုအလယ်မှာထားပြီး တစ်ယောက်တစ်ခွန်းအော်နေတဲ့ သားနှစ်ယောက်ကိုဝင်ဟန့်တော့မှ ငြိမ်ကြသွားကြတော့တယ်...ဒါတောင် တစ်ယောက်ကမျက်စောင်းတစ်ခဲခဲ တစ်ယောက်ကလဲပြေးချီတော့မတတ်နဲ့...၊
"ဒီလိုပါမားရယ် ကုမ္ပဏီမှာလုပ်မဲ့ပွဲကို နာမည်ကြီးခရီးသွားကုမ္ပဏီတစ်ခုက စပွန်ဆာပေးချင်တယ်ဆိုပြီး ဆက်သွယ်နေတာကြာပြီ အဲဒါအစကလက်မခံဘူးပြောထားတာ ဒါပေမဲ့..."
"သူ့သမီးလဲမြင်ရော ချက်ချင်းလက်ခံလိုက်တယ်လေ ဟွန့်"
"မဟုတ်ပါဘူးဘေဘီရာ သူက fashion ကိုတကယ်စိတ်ဝင်စားတဲ့အပြင် နိုင်ငံခြားမှာလဲအဲဒါနဲ့ပဲကျောင်းပြီးလာတာ X Fashion ကိုစပွန်ဆာပေးပြီးတော့ သူကအနီးကပ်လေ့လာချင်ရုံပါ သူတို့ဘက်ကလဲ CEO ကိုယ်တိုင်ကအစ ပွင့်ပွင့်လင်းလင်းပြောပြီးတောင်းဆိုလာတာဆိုတော့ မကောင်းဘူးလေကွာ"
YOU ARE READING
ချစ်သော...💚