အထည်ချုပ်စက်ရုံကြီးတစ်ခုမှာ ဌာနပိုင်းဆိုင်ရာတွေအများကြီးရှိသလို ဝန်ထမ်းတွေအများကြီးခန့်ထားတဲ့အထဲကမှ ကုန်တင်ကုန်ချအပိုင်းက အပင်ပန်းဆုံးနေရာမှာပါဝင်သည်။ နေ့စဉ် အပ်ထည်တွေကိုပါကင်ပိတ်ပြီး စက္ကူဗုံးတွေနဲ့ထည့်လို့ သက်ဆိုင်ရာကုန်ကားတွေပေါ်တင်ရသလို စက်ရုံထဲဝင်လာတဲ့ကုန်ကြမ်းတွေကိုလဲ သက်ဆိုင်ရာဌာနစီပို့ဆောင်ဖို့ လုပ်ဆောင်ရပြန်တယ်။
"ဝမ် ပင်ပန်းနေပြီလား"
"ဗျာ မပင်ပန်းပါဘူး လီကျဲ"
သူတို့ဌာနကအငယ်ဆုံးကောင်လေး ဝမ်၊ စကားကလဲအလွန်နဲသလို အလုပ်မှန်သမျှသိမ်းကျုံးလုပ်တတ်တာ အိုတီရှိရင်ပျော်တတ်သလို တခြားပြင်ပကအချိန်ပိုင်းအလုပ်တွေလဲအားရင်အားသလိုလုပ်တတ်သေးသည်။
တက္ကသိုလ်တက်လက်စမှာ မိသားစုအခြေအနေကြောင့်ကျောင်းထွက်ပြီးအလုပ်လုပ်နေရတဲ့ကလေးလေး ဖြူဖြူနုနုအသားအရည်နဲ့မှမလိုက် စက်ရုံမှာကုန်တင်ကုန်ချလာလုပ်နေရရှာတော့ ဌာနကလူတွေက ဂရုတစိုက်ချစ်ခင်ပေးကြပါတယ် ဂရုအစိုက်ဆုံးလူတွေကတော့ ဝမ်နဲ့အတူတူကုန်ထမ်းရတဲ့ အသက်၃၅နှစ်အထက် ဦးလေးကြီး အကိုကြီးအရွယ်တွေပါပဲ။"ဝမ် မင်းကိုဘာတွေလာပွါးသွားတာလဲ"
ခုနက လီကျဲနှုတ်ဆက်သွားတာကို အနားမှာရှိတဲ့ သူတို့ခေါင်းဆောင်ဦးလေးလီတကအနားကပ်ပြီးမေးတာကြောင့် ဝမ် ပြုံးမိသွားရတယ် လီကျဲက သူတို့ဌာနရဲ့ account ပိုင်းကဖြစ်ပြီး အပျိုကြီးဆိုတော့ ဇီဇာအရမ်းကြောင်တဲ့အပြင် စည်းကမ်းကလဲကြီးသေးတာမို့ လီကျဲဆိုဌာနကလူတွေက ခပ်ဝေးဝေးရှောင်ကြသည်။
"ဘာမှမပွါးပါဘူး ဦးလေးလီတရယ် ပင်ပန်းနေပြီလားဆိုပီးမေးတာ"
"အေးပါ သူ့အကြောင်းသိတယ်မလား စကားစလိုက်တာနဲ့ပြီးတော့တာမဟုတ်ဘူး အေးအေး လုပ်လက်စတွေပြီးရင် ထမင်းစားကြမယ်ကွာ"
"ဟုတ် ဟုတ်"အလုပ်လေးလက်စသတ်ပြီးတော့ ထမင်းစားခန်းသို့ရောက်တာနဲ့ သူ့အတွက်တစ်နေရာအမြဲဖယ်ပေးထားတဲ့နေရာဆီတန်းသွားရတယ်၊ တကယ်ပါ ဒီဌာနလေးက ဝမ့်အတွက် ဒုတိယမိသားစုလေးလိုပါပဲ အားလုံးကအချင်းချင်းရိုင်းပင်းကူညီပေးကြတာမို့ ဘယ်လောက်ပင်ပန်းပင်ပန်း အလုပ်လာရတာပျော်ရပါတယ်။
YOU ARE READING
ချစ်သော...💚