part10

43.7K 4.1K 312
                                    

[Zawgyi]
မနက်စောစောထဲက ကိစ္စရှိသည်ဟုဆိုကာမောင်က အပြင်သို့ထွက်သွားလေသည်မှာ နေအတော်ပင်မြင့်သည်အထိ ပြန်မလာသေးသည်မို့ အလင်းသာမှာ လည်တစ်ဆန့်ဆန့်ဖြင့်မျှော်နေရလေသည်။

"မောင်ကဘယ်တွေများသွားနေတာပါလိမ့်... ခါတိုင်းမောင်ကအပြင်ထွက်လေ့ထွက်စမရှိပါဘူး.."

သူခြံထဲကအပင်ရိပ်အောက်တွင်သွား၍ထိုင်ကာခြံပေါက်ဝဆီလှမ်းမျှော်မိလေသည်။

"ဟမ်..."

တစ်ဖက်ခြံ ၏ခြံစည်းရိုးမှ ခိုးကြောင်ခိုးဝှက်ဖြင့် သူခိုးချောင်းချောင်းနေသော ညီပိုင်ကြောင့် အလင်းသာလည်း ထိုင်နေရာမှထကာ လှမ်းအော်လ်ုက်လေသည်။

"ဘာချောင်းနေတာလဲ ညီပိုင်.."

"ဟီး..ဟိုဟာလေ...မင်းယောကျာ်း ရှိလား.."

"အာ...မောင်မရှိဘူး...အပြင်သွားတယ်..ဘာလုပ်မလို့လဲ.."

မောင့်နာမည်ကြီးကိုက မဟုတ်တာ...ဘယ်နှစ်ကြိမ်ပဲကြားရကြားရသူ့မှာ မျက်နှာပူနေတုန်း။နာမည်ပိုင်ရှင် မောင်ကအေးဆေးနေသလောက် သူ့မှာ ကြားထဲက ခနခနရှက်နေရလေသည်။

"ငါ မင်းဆီလာ လည်မလို့.."

အပြောနဲ့အတူ တစ်ဖက်ခြံ ပေါ်မှကျော်ခွကာကူးလာခဲ့လေသည်။အနားသို့အမြန်ပြေးလာလိုက်ရင်းသူ့ဘေးတွင်ဝင်ထိုင်လိုက်လေသည့်ညီပိုင်။

"မောင်ရှိရင် မင်းကမလာတော့ဘူးလား..."

"မဟုတ်ပါဘူးကွာ...မင်းရဲ့လူကို ငါနည်းနည်းကြောက်တယ်...သူ့ကြည့်ရတာ ငါမင်းဆီလာတာမကြိုက်သလိုပဲ.."

"မင်းစိတ်ထင်တာဖြစ်မှာပါ...မောင်က စိတ်ထားကောင်းပါတယ်..."

ညီပိုင်တွေးမိသည်။စိတ်ထားကောင်းတာ အလင်းသာအပေါ်မှာပဲနေမှာပေါ့။သူဒီကိုလာချင်တာကလည်း သိပ်ကိုသိချင်နေသည့်မေးခွန်းကိုမေးချင်လွန်းလို့ပင်။သူတကယ်ကိုမအောင့်အီးနိုင်တော့ဘူး...တကယ်ကိုသိချင်နေတာပါ။

"အလင်း..."

"အင်း.."

"မင်းတို့၂ယောက်ကဘာတွေလဲဟင်...ငါ့ကိုအမှန်တိုင်းဖြေ ငါတကယ်ကို သိချင်လွန်းလို့ရူးတော့မှာပဲ..."

မောင်လူဆိုးလေး(Complete)Where stories live. Discover now