part28

37.6K 3.2K 60
                                    

[Zawgyi]
"မောင် ကျွန်တော်လိုက်ခဲ့ပါမယ်ဆို...ကျွန်တော်ပါတော့ လိုအပ်တာအကုန်ယူလာလို့ရတာပေါ့.."

အရင်အိမ်ကလေးမှာ လိုအပ်တာသွားယူမည်ဆိုသည့်မောင့်နောက်သို့ လိုက်ချင်၍အနောက်တစ်ကောက်ကောက်လိုက်ကာပြောနေလေသည်။

"အချစ်ပင်ပန်းမှာဆိုးလို့ပါ...မောင်ပဲသွားလိုက်မယ်..အိမ်မှာစောင့်နေနော်."

"မောင် တစ်ယောက်ထဲ ဆို အဆင်ပြေမှာ မဟုတ်ဘူး...ကျွန်တော်သိတယ်.."

မင်းယောကျာ်းကသူ့အိမ်ရှင်ထီးလေးခါးကိုဖတ်ကာ အိမ်ရှေ့ခန်းဆီသို့ ခေါ်သွားကာ ဆိုဖာပေါ်ထိုင်ခိုင်းလိုက်လေသည်။

"ရပါတယ်ကွာ...သတိုးတို့ကိုကူခိုင်းလိုက်မယ်.. အချစ်ပဲနာနေသေးတယ်ဆို.."

မိုးလင်းထဲက သူ့အားထိုအကြောင်းကိုစကားအဟမခံသည့် ချစ်ရသူလေးအား သူကထိုသို့ပြောလိုက်လေတော့ မျက်နှာလေးနီကာ အကြည့်ကချက်ချင်းပင်လွှဲသွားလေသည်။သူကလည်းသူပဲ ၂ရက်ဆတ်တိုက်ကို အဆော့မက်ခဲ့တာမဟုတ်လား။အလင်းဟာ ဘယ်လိုပဲဖြစ်နေပါစေ သူ့အလိုကိုလိုက်လျောခဲ့သည်ချည်းပင်။

အလင်းက မောင့်အပြောကြောင့်မနေ့ကအဖြစ်အပျတ်တို့အားပြန်မြင်လာကာသူ့မျက်နှာလေးနွေးလာသည်ဟုခံစားမိလာလေသည်။မောင့်အားစောစောကတင် ကပ်ချွဲနေသည့်သူက ယခုမှာမူ ကြမ်းပြင်ကြီးကိုသာ ပေါပ်ကွဲမတတ်စ်ုက်ကြည့်နေမိသည်။မောင်ဟာသူ့ကို အတော်လေးညင်သာခဲ့ပါတယ်...သူ့မျက်နှာတစ်ချက်ပျတ်တာနဲ့တင် ဆတ်မလုပ်တော့ဘဲ နေတာကြောင့် သု့မှာေ မာင့်အလိုကျအောင် နေပေးခဲ့သည်။

"မောင်ကလည်း.."

"မောင် ဆေးလဲဝယ်လာခဲ့မယ်..လိမ်မာတယ်နော်.."

အလင်းကသူ့ပါးနှစ်ဖက်အား နမ်းကာ ထွက်သွားသည့်လူဆိုးကောင်ကိုကြည့်ကာ ပွစိပွစိပြောမိလေသည်။သူက မျက်လုံးကို မှိတ်ကာ ဆိုဖာပေါ်ခေါင်းမှီရင်း ဟိုဟို ဒီဒီတွေးနေမိသည်။ယခုအဆတ်အသွယ်မရတော့သည့် သူ့ရဲ့အကိုကော နေကောင်းနေရဲ့လား ဆိုတာလည်းသူသိချင်သည်။တစ်လောကလုံးမှာမှ သွေးချင်းဆိုလို့ သူ့အကိုတစ်ယောက်ထဲသာကျန်တော့တာမဟုတ်လား။

မောင်လူဆိုးလေး(Complete)Where stories live. Discover now