part23

41.7K 3.6K 231
                                    

[Zawgyi]
"အလင်း....နေကောင်းတယ်နော်.."

"ဟူတ်ကောင်းပါတယ်...ဂျာကြီး.."

အလင်းက ခုတလောသူ့အပေါ် ရုံးကလူတွေတစ်ခုခုပြောင်းလဲနေသလိုခံစားမိနေလေသည်။ပြောင်းလဲတာတော့အမှန်ပဲ...ဘာပြောင်းလဲတာလဲဆိုတာတော့သူ့မှာသေချာပင်မသိ။

"ပေးပေး...အလင်း...အဲ့စက္ကူပုံးကလေးနေမှာပေါ့...ငါသယ်ပေးမယ်.."

"အယ်...ရတယ်...မလို.."

လက်ထဲကနေပါသွားသည့်စက္ကူဖာအားလှမ်းသာကြည့်နေလေတော့သည်။

"အီးဟီး...အလင်းရေ...အင့်.."

"တည်တံ့...ဘာ.. ဘာဖြစ်လာတာလဲဟ..."

မောင့်ရုံးခန်းထဲမှငိုပြီးထွက်လာသည့်တည်တံ့ကြောင့်အားလုံးပင်ကြောင်ကြည့်နေကြလေသည်။

"အဆူခံရလို့လား.."

"ဟင့်...ငါမသွားချင်ဘူး...မသွားချင်ဘူးလို့...မင်းတို့တွေနဲ့လဲမခွဲနိုင်ပါဘူးဆို....ဗြဲ..."

"ဘယ်ကိုသွားမှာလဲ...တည်တံ့ရာ ရှင်းရှင်းပြောစမ်းပါ.."

ညီပိုင်က ပြောလည်းပြောရင်း အလင်းကိုဖတ်ကာအော်ငိုနေသည့် တည်တံ့အားအတင်းကိုဆွဲဖယ်နေလေတော့သည်။

"ဟင့်..."

"မငိုနဲ့လေကွာ.."

"ငိုမှာပဲ...မင်းရဲ့ဟာကြီးပေါ့...ငါ့ကိုဂျပန်မှာ၂နှစ်တောင်သွားဖို့စီစဉ်ထားတယ်တဲ့.."

"ဟမ်.."

"မနက်ဖန်တောင်သွားရတော့မှာတဲ့...အီးဟီး    "

Ceoထွက်လာတာကြောင့်အားလုံးကအလုပ်ကိုယ်စီပြန်လုပ်နေကြပေမယ့် ဖတ်ငိုနေတဲ့၃ယောက်ကသတိမထားမိကြသေးပေ။အလင်းက မောင့်ကိစ္စတွေဝင်မပါဘူးဆိုပေမယ့် သူ့သူငယ်ချင်းလေး မသွားချင်တာကိုအတင်းသွားခိုင်းတာကိုတော့သဘောမကျပေ။

ပြီးတော့သူစိတ်မကြည်စရာနောက်ထပ်အချက်တစ်ခုကလည်းရှိနေသေးသည်မဟုတ်လား။ခုတလောသူ့မောင်က သူ့ကိုခိုးကြောင်ခိုးဝှက် နမ်းတာကိုလည်းသူသဘောမကျမိ။အိမ်မှာဆိုလည်းသူ့ကိုပင်မထိပဲ အဲ့ဒီ လက်တော့နဲ့ညားနေလေသည်မို့ သူပိုဒေါသထွက်လာလေသည်။အဲ့မောင်က တိတ်တိတ်ပုန်း ပဲ နေချင်နေတာလား။

မောင်လူဆိုးလေး(Complete)Where stories live. Discover now