[Zawgyi]
"အလင်း...ပြန်ကြရအောင်လေ...ငါတို့မနက်ဖြန် အလုပ်စောစောသွားရမယ် မဟုတ်လား""အင်း...ငါလဲပြောတော့မလို့ပဲ."
စားပွဲခုံအားလက်ညှိုးဖြင့်တစ်တောက်တောက်အသံမည်အောင်ခေါက်နေသည့် မင်းယောကျာ်း၏ လက်တွေဟာရပ်တန့်သွားလေသည်။
သူက သူ့ရဲ့Maskကို ပြန်တပ်ထားလိုက်သည်။အနောက်ဘက်ဝိုင်းအား လှည့်ကြည့်လိုက်လေတော့ မတ်တပ်ထရပ်လိုက်သည်မို့ သူလဲမျက်တောင်မခတ်တမ်းလိုက်ကြည့်နေလိုက်သည်။၆နှစ်ကြာမှ ပထမဆုံးမြင်တွေ့ခွင့်ရမည့် အလင်းရဲ့မျက်နှာလေးကို သူကမျှော်လင့်တကြီးစောင့်စားနေသည်။
အရင်ကထက်မျက်နှာလေး ချောင်သွားတာကလွဲရင် ဘာမှမပြောင်းလဲပေ။မောင့်အလင်းကငယ်ရုပ်မပျောက်သေးဘူး....အရင်အတိုင်း ချစ်ဖို့ကောင်းနေတုန်းပဲ။
"အဲ့တာဆိုမနက်မှတွေ့မယ်နော်အလင်း.."
"အင်း.."
သူတို့ဝိုင်းဘေးနားကနေဖြတ်သွားတော့ မင်းယောကျာ်းလည်း အလင်းငယ်ရဲ့ လက်လေးတစ်ဖက်အားလှမ်းဆွဲလိုက်လေသည်။
"ဟင်....ဘာဖြစ်လို့လဲ မသိဘူး.."
အလင်းက ယုယကိုစကားပြန်ပြောနေစဉ်သူ့လက်အားဆောင့်ဆွဲခံလိုက်ရတာကြောင့် ထိုသူအားကြောင်ကြည့်လိုက်မိသည်။မျက်လုံးတွေကရင်းနှီးနေသလိုလို ရှိနေပေမယ့် သူ့လက်အားဆွဲကာ ဘာစကားမျှမပြောပဲ စိုက်ကြည့်နေတာကြောင့် သူလည်းမနေတတ်တော့ပေ။
"ဘာ..ဘာကိစ္စရှိလို့လဲမသိဘူး"
သူကလက်ကိုရုန်းကာပြောလိုက်လေသည်။ရုန်းတယ်ဆိုပေမယ့် မလွတ်မြောက်ခဲ့ပါ။ယုယတို့၃ယောက်ကလည်း သူတို့အားကြောင်ကာကြည့်နေကြလေသည်။ဘာကြောင့်မှန်းမသိပေမယ့် အမြဲစွာနေတတ်သည့် ညီညီပိုင်ပင် ထိုလူ့အားကြည့်ကာ စကားတစ်ခွန်းမှပင်ထွက်မလာရဲပေ။
ညီပိုင်က တည်တံ့အနားသို့ကပ်ခါ တိုးတိုးလေးပြောလိုက်လေသည်။
"အဲ့လူကိုကြည့်ရတာ ဘာလို့ ...အအေးဓာတ်တွေရနေသလို ခံစားနေရတာလဲမသိဘူး."
YOU ARE READING
မောင်လူဆိုးလေး(Complete)
Romanceတစ်စုံတစ်ယောက်ကိုဂရုစိုက်ပေးချင်တာက ချစ်တယ်လို့ဆိုလိုတာမဟုက်လား.. ဒါဆိုငါမင်းကိုဂရုစိုက်ပေးမယ်