final

66.8K 3.6K 294
                                    

[Zawgyi]
နွေဦးရဲ့အစမှာ ဥကလေးဟာ အကောင်ပေါက်ဖို့ စတင် လှုတ်လာခဲ့သည်။မြက်ခင်းစိမ်းစိမ်းတွေနေရာမှာ ညိုညိုမြက်ခြောက်ခင်းကလေးက ခြံထဲ အလှစီရီလို့။ချစ်အိမ်ကလေးရဲ့ ခေါင်းရင်းက အပင်ကလေးထက်မှ ငှက်ပေါက်စလေးတွေအသံက စိုးစီစိုးစီထွက်ပေါ်လာလေသည်။

ကုတင်ပေါ်မှ ချစ်သူ့ရင်ငွေ့လှုံကာ အိပ်စက်နေလေသည့် ကောင်ကလေး မှာ ဥကလေးထဲမှ အကောင်ပေါက်ကလေး၏ တွန်းထိုးနေမှုကြောင့် မျက်နှာလေးရှုံ့မဲ့ကာ လူးလွင့်နိုးလာလေသည်။ချွေးသီးတွေဝေ့တတ်နေပေမယ့်အောက်နှုတ်ခမ်းအားဖိကိုက်ကာ အံကိုတင်းထားလေသည်။

အိပ်ပျော်နေသည့်ချစ်ရသူအား အသာလှုတ်နှိုးလိုက်လေသည်။သူတကယ့်ကိုမခံစားနိုင်တော့တာမို့။

"အချစ်...ဟင်..ဗိုက်နာနေတာလား.."

သူ့လက်တွေအားလှုတ်နှိုးနေတာကြောင့်အိပ်ယာနိုးသွားလေတော့ မျက်နှာလေးမဲ့ကာ ထိုင်နေသည့်အလင်းကြောင့် သူမေးလိုက်လေသည်။ချက်ချင်းခေါင်းလေးညိမ့်ကာမျက်ရည်တွေကျလာသည့်အလင်းကြောင့်သူလည်းအမြန်ပွေ့ချီကာ ကားပေါ်အရင်တင်ပေးလိုက်လေသည်။လွန်ခဲ့တဲ့ အပတ်ကတည်းက ကြိုတင်ထည့်ထားသည့်ပစ္စည်းဆွဲခြင်းအား ဆွဲယူကာ အိမ်တံခါးသော့ခတ်ရင်း ဆေးရုံသို့မောင်းနှင်လာခဲ့လေသည်။

တစ်လမ်းလုံးတစ်ရှုံ့ရှုံ့ငိုနေလေသည့် အလင်းကိုကြည့်ကာသနားစိတ်ဝင်လာပြန်သည်။အလင်းကိုယ်စားသူပဲနာလိုက်ချင်သည်။

"မရောက်သေးဘူးလား.."

"ခနလေးပါအချစ်ရယ်...ခနလေးနော်...ရောက်တော့မှာပါ.."

အလင်းကနှုတ်ခမ်းကိုသာကိုက်ထားတာမို့သူက သူ့လက်အား ထိုးပေးလိုက်လေသည်။

"နှုတ်ခမ်းမကိုက်နဲ့...မောင့်လက်ကိုကိုက်ထားလိုက်"

အလင်းကဗိုက်နာနေသည့်ကြားမှသူ့ခင်ပွန်းအားကြည့်ကာ ပြုံးလိုက်မိလေသည်။သူကမောင့်လက်အားဆွဲယူကာ ရင်ဘက်ကလေးတွင်အပ်ထားလိုက်လေသည်။

"အချစ်.."

"မြန်မြန်မောင်း...အင့် ."

မင်းယောကျာ်းမှာ သူ့လက်အားမကိုက်ပဲ ကိုင်ထားရုံသာကိုင်ထားတာမို့ စိတ်လျှော့ကာ ဆေးရုံမြန်မြန်ရောက်အောင်သာဂရုစိုက်မောင်းလာခဲ့လေသည်။

မောင်လူဆိုးလေး(Complete)Where stories live. Discover now