[Zawgyi]
ကျောင်းသို့ရောက်တည်းက ဆရာမက ရုံးခန်းခနဆိုပြီးခေါ်သွား သောကြောင့် လိုက်သွားသည့်မောင်က နေ့လည်ထမင်းစားလွှတ်ချိန်အထိပြန်မရောက်သေးပေ။"ညီပိုင်...ငါရုံးခန်းခနသွားလိုက်အုံးမယ်...မောင်ကဘာလို့ကြာနေတာလဲမသိဘူး.."
ထမင်းဘူးလေးအားဖွင့်ကာကျောင်းအခန်းဝင်ပေါက်ကိုတမျှော်မျှော်ဖြစ်နေရှာသည့် အလင်းကိုကြည့်ကာ စိတ်မကောင်းဖြစ်လာမိသည်။အဲ့ဒီ အရှည်ကောင်က သူ့ကိုကတိတောင်းထားသည်မ်ို့ သာသူမပြောတာပင်။
"မင်းကလည်းကွာ...ကျောင်းအုပ်ကြီးကကိစ္စရှိလို့နေမှာပေါ့...သူ့ဘာသာပြန်လာလိမ့်မယ်.."
ညီပိုင်က နောက်ဆတ်တွဲစကားလုံးတို့ကိုလေးပင်စွာပြောလိုက်လေသည်။သူပြန်လာမှာလို့ပြောသွားတာကအမှန်ပဲမဟုတ်လား။
"သူဗိုက်ဆာနေမှာပေါ့...မနက်စာလဲမစားခဲ့ရဘူးလေ.."
ထမင်းဘူးလေးအားဖွင့်ကာခုံပေါ်စီရင်းပြောလိုက်သည့်အလင်းသာကြောင့် သူ့မှာ အမှန်အတိုင်းပင်ဖွင့်ပြောချင်လာမိသည်။မင်းယောကျာ်းပြောခဲ့သလိုမျိုးအလင်းကတကယ်ကောအဆင်ပြေပါ့မလား။
"ကဲပါ.. မင်းသာအရင်စား...မင်းယောကျာ်းကသူ့ဘာသာအဆင်ပြေသွားလိမ့်မယ်.."
"ဟွန်...ဒီဟင်းကမောင်ကြိုက်တတ်မှန်းသိလို့ ငါမနက်အစောကြီးထချက်ထားရတာ...အဲ့ကျောင်းအုပ်ဆရာကြီးကလည်း ဘာလို့များဒီလောက်အကြာကြီးခေါ်ထားရလဲမသိဘူး.."
"အလင်း...မင်းကတော့လေ ဆရာတွေကိုအဲ့လိုပြောနေ...စာမေးပွဲကျလိမ့်မယ် "
"ညီပိုင်.. မင်းပါးစပ်ပုတ်ကြီးနဲ့ပြောပြန်ပြီ...ငါကျလို့မရပါဘူးဆို.."
"ဒါနဲ့ ဟင်းလေးကစားကောင်းမယ့်ပုံပဲ..."
ညီပိုင်ကတမင်တကာပင် မင်းယောကျာ်းအတွက်ဖယ်ထားသည့်ချိုင့်ထဲမှ ဟင်းကိုလှမ်းခတ်လိုက်လေသည်။
"အဲ့တာမောင့် အတွက်ပါဆို...ငါ့ဆီကစား...ရော့.."
"မရဘူး...အဲ့တာကပိုကောင်းမယ့်ပုံပဲ..."
အလင်းသာတားနေသည့်ကြားမှညီပိုင်ကဟင်းကိုရအောင်ခပ်ထည့်စားလိုက်လေသည်။အလင်းရုပ်က အတည်ကြီးသူ့အား နရင်းထရိုက်ချင်နေသည့်ပုံပင်။
YOU ARE READING
မောင်လူဆိုးလေး(Complete)
Romanceတစ်စုံတစ်ယောက်ကိုဂရုစိုက်ပေးချင်တာက ချစ်တယ်လို့ဆိုလိုတာမဟုက်လား.. ဒါဆိုငါမင်းကိုဂရုစိုက်ပေးမယ်