part19

41.8K 3.9K 309
                                    

[Zawgyi]
မင်းယောကျာ်းမှာညကတည်းကအားလုံးရှင်းပြပြီးပေမယ့်ကောက်စိန်လေးကတော့၆နှစ်တာအတွက်ကို အတိုးချပြီးကောက်နေသလားပင်ထင်ရလောက်အောင်ဆိုးလွန်းလာပေသည်။

အခုလည်းသူကအလုပ်ရှင်မို့လို့ သူ့ကားနဲ့ပဲတစ်ခါတည်းလိုက်ခဲ့ပါဆိုတာကို ကောက်လွန်းစိန်က မလိုက်နိုင်ပါဘူးတဲ့လေ။မောင်နဲ့ငါနဲ့ဘာမှ မဆိုင်တာကိုတဲ့...ဆိုင်အောင်လို့အဖြေပြန်ပေးပါဆိုတော့လည်း မပေး။

"အချစ်"

ရုံးဝတ်စုံလဲ နေသည့်  အလင်းရဲ့ခါးလေးကိုသူဖတ်လိုက်ကာ ဂုတ်သားလေးတွေအား တဖွဖွလိုက်နမ်းနေလိုက်သည်။

"ဘာလဲ....ဖယ်နော်.."

"မောင့်ကားနဲ့အတူတူသွားမယ်လေ"

"မသွားဘူး...မသွားဘူး....မောင့်ဘာသာသွားချင်တာနဲ့သွား...ငါမလိုက်ဘူး."

သူက စူပုတ်ပုတ်လုပ်နေသည့်အလင်းကို ဘယ်လိုပြောပြောမရပေ။သူစိတ်ကောက်တာလေးကတစ်မျိုးချစ်ဖို့ကောင်းသား...အဖြေလဲပြန်မပေးဘူး ..မောင့်ကိုလဲမသိပါဘူးတဲ့လေ။

မသိတဲ့သူကို ဘာလို့အိမ်ပေါ်ခေါ်တင်ထားတာလဲမေးတော့လဲ သနားလို့တဲ့။

"ဖယ်...သွားရတော့မယ်.."

သူက အဝတ်လဲပြီး အဆင်သင့်ဖြစ်နေပြီဖြစ်သည့် မောင့်ကိုမကြည့်မိအောင်နေလိုက်သည်။သူ့ကိုအကြာကြီးပစ်ထားခဲ့တဲ့မောင့်ကို သူပစ်ထားချင်သေးသည်။ဒါကလည်းအပြောသက်သက်သာ....သူအနားကို အတင်းလိုက်ကပ်နေသည့်မောင်ဟာ လူစားများလဲသွားလေသလား။လွန်ခဲ့တဲ့အချိန်တွေတုန်းက မောင်ကစကားအလွန်နည်းတဲ့သူတစ်ယောက်လေ။

"မောင်လဲလိုက်မယ်.."

"မသိဘူး..လိုက်ချင်လိုက်မလိုက်ချင်နေပေါ့..."

မင်းယောကျာ်းကသူ့ကောက်တေးလေးကိုခေါ်မရတာမို့ သူကပဲ အတူသွားဖို့ဆုံးဖြတ်ရလေတော့သည်။သူက ကောက်တေးလေးရဲ့ ထမင်းချိုင့်အား ဆွဲကိုင်လိုက်ရင်း လက်တစ်ဖက်ကိုသွားဆွဲလေတော့ ချက်ချင်းပြန်ဖြုတ်ချနေပြန်သည်။

"မောင့်ကို စိတ်ဆိုး နေတုန်းပဲလား."

"မသိဘူး...ဘာမှလာမပြောနဲ့."

မောင်လူဆိုးလေး(Complete)Where stories live. Discover now