[Zawgyi]
"ကိုZ""......."
"ကိုZလို့..."
တည်တံ့မှာ ရုံးခန်းထဲမှာ မနေပဲ တစ်နေကုန်Zအခန်းသို့သွားကာ အတင်းလိုက်ကပ်ခေါ်နေပေမယ့် Zကသူ့အားလျစ်လျူရှုထားသည်ဟုခံစားမိလေသည်။
"ကိုZ..!!!"
သူကစိတ်ပေါက်ပေါက်နှင့်Zပေါင်ပေါ်သို့လက်ပိုက်ကာ တတ်ထိုင်လိုက်လေသည်။မှတ်ပလား...ငါ့ကိုလျစ်လျူရှုချင်အုံး။
"ဘာခိုင်းမလို့လဲ အကိုလေး..."
Zကသူ့အား အဖြေလိုက်တောင်းနေသည့် သူဋ္ဌေး၏ညီလေးအား တတ်နိုင်သမျှရှောင်နေမိလေသည်။ဘာပဲဖြစ်ဖြစ်သူတို့က အဆင့်ချင်းမှမတူတာ။ပြီးတော့ ကိုယ်ပိုင်လုက်ငန်းတစ်ခုထဲနဲ့ပင်သိပ်ကိုချမ်းသာသည့်ကောင်လေးမဟုတ်လား။မိုးနဲ့မြေလိုကွာခြားလှသည်မို့သူစိတ်ကူးမယဉ်ရဲပေ။
?????
တည်တံ့က သူ့အားစကားပြောကာ မော့ကြည့်ပြီးအတွေးလွန်နေသည့်ကိုZ၏နှုတ်ခမ်းတစ်စုံကိုသူ့နှုတ်ခမ်းတို့ဖြင့်ထိကပ်လိုက်လေသည်။
"ကိုZကိုကျွန်တော်ချစ်တယ်"
"မင်း....ထွက်သွား..!"
Zကထိုကောင်ငယ်လေးအား တွန်းလိုက်မိလေသည်။ထိုင်ရက်လေးပြုတ်ကျသွားသည့်ကောင်လေး၏မျက်ရည်ဝေ့နေသည့်ပုံမြင်လေတော့မှ သူပူထူသွားလေတော့သည်။ငိုပြီးပြေးထွက်သွားသည့်ကောင်လေးအားသူလိုက်မခေါ်မိပေ။
"မင်းကငါ့ထက်ပိုသာတဲ့သူနဲ့ပဲ ပိုလိုက်ဖတ်ပါတယ်...."
သူက စားပွဲပေါ်မျက်နှာမှောက်ထားမိလေသည်။သူကပျော့ညံ့ချင်ပျော့ညံ့ပေလိမ့်မည် သို့ပေမယ့် ချစ်ရသူကို မိုးအမြင့်မှာသာစံမြန်းစေချင်သည်။သူက အရင်စပြီး တိတ်တခိုးချစ်နေခဲ့ရတာမဟုတ်လား။သူ့ဘက်ကချစ်နေဖို့တစ်ခုသာပဲလိုတာဟု သူတွေးမိခဲ့ပေမယ့် တည်တံ့မျက်ရည်တွေမြင်တော့သူနာကျင်ရပြန်သည်။
ဝုန်းးးး......
"အကိုလေး.."
"မနက်ဖြန်ပြန်မယ်...သဘက်ခါ အလင်းတို့လက်ထပ်ပွဲရှိတယ်တဲ့..."
YOU ARE READING
မောင်လူဆိုးလေး(Complete)
Romanceတစ်စုံတစ်ယောက်ကိုဂရုစိုက်ပေးချင်တာက ချစ်တယ်လို့ဆိုလိုတာမဟုက်လား.. ဒါဆိုငါမင်းကိုဂရုစိုက်ပေးမယ်