part32

35.8K 3K 114
                                    

[Zawgyi]
ဆေးရုံကော်ရစ်တာတစ်လျှောက်မှာ လမ်းလျှောက်လာသည့်လူနှစ်ဦး။လူကြီးတစ်ဦးနှင့် ဆေးစာရွက်လေးကိုင်ကာ ပြုံးရွှင်နေသည့် လူငယ်တစ်ဦးတို့ ဟာ ပေါ့ပါးသွက်လက်စွာ ဖြတ်လျှောက်လာကြလေသည်။

"သားကိုဘယ်တော့ပြောပြဖို့စဉ်းစားထားလဲ အလင်း.."

အလင်းက ဆေးစာရွက်လေးအား အကြိမ်ကြိမ်ပြန်ကြည့်နေရင်းမှလှည့်ကြည့်လာသည်။

"မောင်သိရင်သိပ်ကိုအံ့သြသွားမလားမသိဘူးနော် ဖေဖေ..."

"အင်း....သူပျော်သွားမှာ.."

"ညကျရင်တော့ပြောပြဖို့တွေးထားတာပဲ..."

"ကျန်းမာရေးလည်းဂရုစိုက်အုံးနော်...သားကိုကြည့်ရတာအားမရလိုက်တာကွယ်.."

"ဟုတ်ကဲ့ဖေဖေ.."

ဒီနေ့မှ မိုးသားကလည်း ကင်းစင်နေပေတော့သည်။သူကကောင်းကင်ကြီးအားတစ်ချက်မော့ကြည့်လိုက်ရင်းကားပေါ်တတ်ထိုင်လိုက်လေသည်။

"ရုံးကထွက်လာတာကော ဟိုကောင်သိရဲ့လား.."

"မသိဘူး..ဟီး...မောင်က ဧည့်သည်တွေနဲ့သွားတွေ့ရမှာမို့ နေ့လည်မှပြန်ရောက်မယ်တဲ့..."

"အော်..အင်း.."

အလင်းကပြားချပ်နေသည့်သူ့ဗိုက်လေးအားညင်သာစွာပွတ်ပေးနေလေသည်။သူ့ဗိုက်ထဲမှာ မောင့်ရဲ့သွေးသားလေးရှိနေပြီတဲ့။

.............

"ဘော့စ်...အဆင်ပြေရဲ့လား..."

Toiletထဲမှ ဖျော့တော့စွာထွက်လာသည့် မင်းယောကျာ်းအား ညီပိုင်က မေးလိုက်လေသည်။နေ့လည်မှပြန်ရောက်မယ်ဆိုပြီး အလင်းထွက်သွားပြီးမှ ပြန်ရောက်လာခဲ့ပေမယ့် ဘာတစ်ခုမှမမေးပဲ အလုပ်ထဲသာခေါင်းစိုက်လုပ်နေသည့်ဘော့စ်က ခနခန အန်နေသောကြောင့်ပင်။

"ထားခဲ့...အဲ့စာရင်းတွေ..အဆင်ပြေတာမို့လို့.."

သတိုးကမင်းယောကျာ်းစကားအဆုံးတွင် ညီပိုင့်လက်ထဲမှဖိုင်တွဲတွေအား အတင်းဆွဲယူကာ ညီပိုင့်နဖူးက ချွေးတွေကိုပင် လက်ကိုင်ပုဝါဖြင့် တယုတယသုတ်ပေးနေလေသည်။

မောင်လူဆိုးလေး(Complete)Where stories live. Discover now