part20(အဆတ်)

41.2K 3.8K 39
                                    

[Zawgyi]
မင်းယောကျာ်းကသူ့အနောက်ကနေ ခေါင်းငုံ့ကာလိုက်လာသည့်အလင်း ကိုတစ်ချက်တစ်ချက်လှည့်ကြည့်နေမိသည်။အခန်းထဲတွင်ရှိနေသည့်Zကသူ့နောက်က အလင်းကိုမြင်တော့ သူ့အားခေါင်းတစ်ချက်ညိမ့်ပြကာ အခန်းတံခါးပိတ်ပြီးထွက်သွားပေးလေသည်။

ယခုချိန်ထိခေါင်းမော့မလာသေးသည့်အလင်းရှေ့တွင်သူရပ်လိုက်လေတော့ ကောက်စိန်လေးက သူ့ရင်ဘက်ကိုနဖူးဖြင့်ဝင်တိုက်လေသည်။

"ဟာ ကွာ.."

"ဟင်...ဆောရီး.."

အလင်းက သူ့ရှေ့တွင်တောင့်တောင့်ကြီးရပ်နေသည့် မင်းယောကျာ်းကို မော့ကြည့်ကာပြောလိုက်လေသည်။

"ဒါနဲ့...CEoခင်ဗျာ...ဘာခိုင်းစရာရှိလို့ပါလဲ.."

သူကတမင်ပင်ရွဲ့ကာမေးလိုက်လေသည်။

သူ့အပြောကိုသဘောတကျရယ်မောနေသည့် မောင်ဆိုသည့်လူသား အား အတော်လေးကို အမြင်ကပ်ပါသည်။

"မောင်ဘာလုပ်ပေးရမလဲဟင်..."

သူပခုံးကိုလက်နှစ်ဖက်ဖြင့်ကိုင်လှုပ်ရင်းမေးလာသည့်မောင့်စကားကိုသူပြန်မဖြေမိ။သူမောင့်ကိုစိတ်ဆိုးတယ်ဆိုတာမှန်ပါသည်။သို့ပေမယ့် ဘာကိုစိတ်ဆိုးနေမှန်းသူမသိပေ။သူ့ကို အကြာကြီး မပြောအဆို ပျောက်သွားတဲ့အတွက်ကြောင့်လား။ဟင့်အင်း ..သူဟာအဲ့ဒီလောက်ထိသဘောထားသေးသိမ်တဲ့သူမျိုးမဟုတ်ပါ။

မောင်သာသူ့ကိုအနည်းငယ်လောက်ဖြစ်ဖြစ်ဖွင့်ပြောခဲ့မယ်ဆိုရင်..ဒါမှမဟုတ် အန္တရာယ်ကင်းကြောင်း ကျန်းမာကြောင်းသူ့ကို သိစေခဲ့မယ်ဆိုရင် သူအဲ့လောက်ထိ စိတ်ဆိုးနေခဲ့မှာမဟုတ်ဘူး။သူကမောင့်အတွက် ရင်ဖွင့်ဖော် ဖြစ်ချင်ခဲ့တာ။မောင့်ကိုအနားလည်ပေးနိုင်ဆုံး အခွင့်လွှတ်နိုင်ဆုံး လူတစ်ယောက်ဖြစ်ချင်ခဲ့ယုံလောက်ပါပဲ။

မောင့်အတွက်သူကကျတော့ရော...။မောင်ကသူ့ကို အရေးမပါတဲ့သူတစ်ယောက်လို ဘာမှမပြောမဆိုပဲ ထွက်သွားတယ်...အခုပြန်လာချင်တဲ့အချိန်မှပြန်လာတယ်။မောင့်အတွက်သူကဘာလဲ။သူစိတ်ဆိုးတယ်ဆိုတာ....သူက မျက်ရည်ကျလာလေသည်။မောင့်ကိုသူပစ်မထားရက်ပါ.. အဲ့သလိုပဲ မောင့်ကိုလစ်လျှူရှု တယ်ဆိုတာသူ့အတွက် အခက်ခဲဆုံးအလုပ်တစ်ခုပင်။ဒါကိုမောင်နားမလည်ပါဘူး။

မောင်လူဆိုးလေး(Complete)Where stories live. Discover now