[Zawgyi]
ခြံဝန်းထဲက ရွက်ခြောက်တွေအား ကြည့်ကာ တံမျက်စည်းကိုကောက်ကိုင်လိုက်လေသည်။သူက ထုံးစံအတိုင်းခေါင်းမှာ ဝါးခမောက်လေးကို စောင်းလိုက်ရင်း နေမမြင့်ခင် တခြံလုံးအပြီးသတ်ဖို့ စိတ်လောနေလေသည်။လေပူတစ်ချက်က သူ့ဘေးကနေ ဝေ့ကနဲ တိုက်ခတ်သွားသည်မို့ သက်ပျင်းချလိုက်မိသည်။
သြော်...ဘာလိုလိုနဲ့နောက်တစ်နွေတောင်ရောက်ခဲ့ပြီကိုး။
သူက အမှိုက်တွေအား လှဲနေရင်း စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်လေသည်။ကျောင်းပြီးကတည်းက အလုပ်ဝင်နေရသည်မို့ သူ့မှာ ကိုယ့်ခြံကိုတောင် ပြန်မကြည့်နိုင်လောက်အောင်မအားမလပ်ဖြစ်နေခဲ့ရလေသည်။
ဒီနေ့ ကတော့ သူ့အတွက် သိပ်ကိုအလုပ်များသည့်ရက်ပင်။ခြံရှေ့က ရေအိုးစင်ကိုလည်း ပြန်ပြုပြင်ရအုံးမည်။သူက အမှိုက်လှဲတာကို ခနရပ်လိုက်ရင်း ရေအိုးစဉ်ရှိရာသို့လျှောက်သွားလိုက်လေသည်။မနှစ်က သူထပ်ရေးခဲ့သည့် မောင်နဲ့သူ့ရဲ့ အလှူရှင် နာမည်လေးတောင် အရောင်တွေမှိုင်းနေပြီပဲကိုး။
သူကတုံ့ဆိုင်းမနေဘဲ အိမ်ထဲသို့ပြေးဝင်သွားကာ မြေဖြူတစ်ချောင်းကိုယူလာ၍ ပြန်၍ထပ်ကာ ရေးလိုက်လေသည်။
~မင်းယောကျာ်းနှင့်ထင်အလင်းသာကောင်းမှု နတ်လူသာဓုခေါ်စေသော်..
အဲ့တုန်းကဆို မောင်က ရုပ်တည်ကြီးနဲ့ ကလေးဆန်လိုက်တာဟုပြောပြီး နောက်ဆုံးကျတော့လည်း သူ့အလိုကိုလိုက်လျောပေးခဲ့လေသည်။
မောင်ပျောက်သွားခဲ့တာတောင်၆နှစ်ကြာခဲ့ပြီကိုး။မောင်ကဘယ်ရောက်နေမှန်း မသိ ပေမယ့် သူကတော့မျှော်လင့်နေမိတုန်းပင်။
"အလင်းရေ...အလင်း...ဘာလုပ်နေတာလဲ.."
ညီပိုင် ယုယနဲ့ တည်တံ့တို့ ၃ယောက်မှာ အထုတ်ပလုတ်တွေဆွဲကာ အနားသို့ရောက်လာကြလေသည်။ရေအိုးစင်အားကြည့်ပြီးနောက် ညီပိုင်နှင့်တည်တံ့တို့၂ယောက်လည်းမျက်နှာပျတ်သွားလေသည်။သူတို့တတွေတောင်ကျောင်းပြီးလို့ ကုမ္ပဏီအသစ်တစ်ခုမှာ မင်းယောကျာ်းအဖေ၏အကူအညီဖြင့်အလုပ်ဝင်နေတာပင်၂နှစ်ပြည့်တော့မည်။ ပြန်လာမယ်ပြောပြီး ပျောက်သွားခဲ့သည့်သူက အစအနပင်ပေါ်မလာခဲ့သည်မဟုတ်လား။
YOU ARE READING
မောင်လူဆိုးလေး(Complete)
Romanceတစ်စုံတစ်ယောက်ကိုဂရုစိုက်ပေးချင်တာက ချစ်တယ်လို့ဆိုလိုတာမဟုက်လား.. ဒါဆိုငါမင်းကိုဂရုစိုက်ပေးမယ်