[Zawgyi]
"မင်းကဘာလို့အလုပ်လုပ်မှာလဲ...မင်းရဲ့ကိုကိုပို့တာနဲ့လောက်တဲ့ဟာကို.."အချိန်ပိုင်းအလုပ်လေးတစ်ခုရလို့ စိတ်ပြေလက်ပျောက်လဲဖြစ်အောင်သူကလုပ်ကြည့်ချင်သည်ကို ညီပိုင်နဲ့တည်တံ့ကလုံးဝကိုလက်မခံပေ။
"ငါအလုပ်လုပ်ချင်တယ်.."
"မရပါဘူး...ငါတို့စိတ်မချဘူး..."
"နေပါအုံး ငါလုပ်မှာကကော်ဖီဆိုင်ပါဟ...ပြီးတော့ ည၇နာရီထိပဲဖွင့်တာလေ...ဘာမှစိတ်မပူပါနဲ့ကွာ..."
သူကတည်တံ့နဲ့ညီပိုင်ကို ဘွဲ့ပင်မရသေးသည့်ကျောင်းသားတစ်ယောက်အတွက်အလုပ်ရှာရတာ ဘယ်လောက်ထိခက်ခဲလဲဆိုတာကိုရှင်းပြလိုက်သည်။ဒီအချိန်ပိုင်းအလုပ်လေးတောင်ကံကောင်းသာရခဲ့ခြင်းပင်။
"အဲ့ဒီမှာ ဟိုယုယဆိုတဲ့တစ်ယောက်လဲလုပ်တယ်မဟုတ်လား...အလင်း.."
တည်တံ့ကမျက်နှာကိုဆူပုတ်ကာမေးလာလေသည်။သူက တည်တံ့ခေါင်းလေးကို ပုတ်လိုက်ရင်း။
"ယုယကငါ့ကို ကူပြီး အလုပ်သွင်းပေးခဲ့တာလေ..."
"ငါစိတ်မချပါဘူး...သူကမင်းကိုကြိုက်နေတာထင်တယ်...မရဘူးနော်အလင်း...မင်းကငါတို့အကိုရဲ့လူ.."
တည်တံ့က သူတို့ဆီဦးတည်ကာ လာနေသည့်ယုယဆိုသည့် တစ်ယောက်ကိုသာကြည့်၍ပြောနေတာကြောင့်မျက်နှာ ပျတ်သွားသည့်အလင်းကိုသတိမထားမိပေ။သတိထားမိသည့် ညီပိုင်က တည်တံ့အားလက်ကိုကုတ်ကာ သတိပေးနေပေမယ့် သကောင့်သားကပြောကောင်းကောင်းနဲ့ဆတ်ပြောနေလေသည်။
"မင်းဘယ်သူ့ကိုမှမချစ်ရဘူးနော် အလင်း..."
အလင်းသာက တည်တံ့စကားကြောင့် သူ့မျက်နှာလေစညှိုးငယ်သွားမိသည်။ဘယ်တွေရောက်နေတာလဲမောင်...ပြန်လာမယ်ဆိုပြီး...ဘာလို့ခုထိဘာသတင်းမှမရသေးတာလဲ။မောင် ကျွန်တော့်ဆီကနေပျောက်သွားတာ နာရီပေါင်း၁၇၅၃၁နာရီ ၃၇မိနစ် ၃၂စက္ကန့်တောင်ရှိနေပြီ။လူတစ်ချို့က ကျွန်တော့်ကို ရည်းစားမထားဘူးလားလို့ လာလာမေးကြတယ်မောင်....ကျွန်တော့်အဖြေကမောင့်ဆီမှာမို့ မြန်မြန်ပြန်လာပါတော့။
CZYTASZ
မောင်လူဆိုးလေး(Complete)
Romansတစ်စုံတစ်ယောက်ကိုဂရုစိုက်ပေးချင်တာက ချစ်တယ်လို့ဆိုလိုတာမဟုက်လား.. ဒါဆိုငါမင်းကိုဂရုစိုက်ပေးမယ်