[Zawgyi]
"ညီပိုင်ရေ...မောင်ကလေသူ့အိမ်ကိုပြန်မလာဘူးတဲ့.."ကျသွားသည့်ဖုန်းအားကိုင်ကာ ငူငူငိုင်ငိုကြီးနှင့် သူ့အားပြောပြနေသည့် အလင်းကိုသူကြည့်နေမိသည်။သူထင်တာက အိမ်ပြန်လာလို့ မင်းယောကျာ်းကို မတွေ့တဲ့အခါ...ပြီးတော့ခုလို ပျောက်သွားတယ်ဆိုတာသိရင် အတော်လေးငိုသွားခဲ့မယ်လို့။ခုလက်ရှိသူ့ရှေ့က အလင်းသာက ကြမ်းပြင်ပေါ်ထိုင်ချလိုက်ရင်း ဘာစကားမှမပြောပဲ ငိုင်ငိုင်ကြီးဖြစ်နေလေသည်။
သူက အလင်းကို လှုပ်ခါလိုက်ရင်း..ပြောလိုက်သည်။သူ့သူငယ်ချင်းရဲ့ဒီလိုပုံစံကိုသူမမြင်ချင်ပါ။ဒါကြီးကဆကယ့်ကို အေးစက်စက်ကြီးမဟုတ်လား...။
"အလင်း."
"မောင်ကထပ်ပြီး ပျောက်သွားပြန်ပြီ"
သူကနှုတ်ခမ်းတွေကိုဖိကိုက်ထားရင်း အသံမတုန်အောင်ထိန်းပြောလိုက်လေသည်။သူငိုချင်နေပေမယ့် မျက်ရည်တွေဟာလည်းကျမလာတော့ပေ။သူ့ရင်ထဲမှာ မွန်းကြပ်မှုတွေကသာ အလုအယက်ဝင်နေလေတော့သည်။
မောင့်ကိုနားလည်ပေးပါမည်ဟုပြောနေပေမယ့်လည်းပဲ လက်တွေ့မှာကျသူမစွမ်းဆောင်နိုင်ပါ။မောင်က သူ့ကို ဘယ်သွားမယ်တောင်မပြောခဲ့တာက...မောင့်အတွက်သူကဘယ်နေရာမှာမှ အရေးမပါခဲ့လေသည်လား။မောင် တစ်ခါပြောဖူးတဲ့ တစ်နေရာကိုထွက်သွားတာလား။
"အလင်း...အဆင်ပြေရဲ့လား...ငါ...ငါဘာလုပ်ပေးရမလဲ.."
ညီပိုင်က အလင်းကိုနှစ်သိမ့်ဖို့ရာအတွက် နည်းလမ်းရှာနေလေသည်။
"ငါ အဆင်ပြေပါတယ်"
လူ့ရဲ့ခန္ဓာကိုယ်ဆိုတာကလည်း သိတယ်မဟုတ်လား...ကိုယ်ကငြင်းရင် သူကဖော်လိုက်တာမျိုးလ်ုပေါ့။သူအဆင်ပြေတယ်ပြောကာမှ မျက်ရည်ကကျလာလေသည်။
"အလင်း မင်းငိုချင်ငိုလိုက်ပါလား...ပြီးရင် ငါတို့ရဲ့အရင်ကအလင်းအဖြစ်ပြန်လာပေးလေနော်"
သူ့မျက်ရည်တွေကိုသုတ်ပေးနေသည့်ညီပိုင်အားကြည့်ကာသူခေါင်းညိမ့်ပြလိုက်လေသည်။
"ငါမငိုဘူး..ညီပိုင်...မောင်ကငါ့ဆီပြန်လာမှာ..."
မျက်ရည်တွေကိုလက်ခုံမိုးဖြင့်သုတ်ကာ အလင်းသာက သူ့ကိုကြည့်ရင်း ပြောလိုက်လေသည်။တကယ်ကိုပဲ သမီးရည်းစား စုံတွဲတွေက တစ်ယောက်စိတ်ကိုတစ်ယောက်သိကြတာများလား။မင်းယောကျာ်းဆိုတဲ့ အကောင်စုတ်ကလည်း သူ့ကိုအဲ့လိုပဲပြောသွားသည်မဟုတ်လား။
![](https://img.wattpad.com/cover/235390738-288-k749333.jpg)
YOU ARE READING
မောင်လူဆိုးလေး(Complete)
Romanceတစ်စုံတစ်ယောက်ကိုဂရုစိုက်ပေးချင်တာက ချစ်တယ်လို့ဆိုလိုတာမဟုက်လား.. ဒါဆိုငါမင်းကိုဂရုစိုက်ပေးမယ်