Part(5)

1.4K 208 2
                                    

ငါ့ကို ယုံ ဘေဘီ
စံပယ်တွေ ပွင့်လာအုံးမှာ

ဒီနေ့
သို့မဟုတ်
မနက်ဖြန်မှာ ပေါ့

ငါက ကြွေဖူးတယ်
ငှက်ဆိတ်
ခူး​ဖျက်
နှင်းခါး
အားလုံးကြုံဖူးတယ်
ငါ့ကို မပူနဲ့

မင်းက
သစ်ရွက်နုလေး
မင်း မြင်ရမှာတွေ အများကြီးရှိနေသေး

အလွယ်တကူ
ပြုတ်မကျစေနဲ့ ဘေဘီရေ.... ။

#မြကျေး

............

"Taehyung Ah"

"ငါတို့အိမ်ကိုပြောင်းလာတာ ဟိုလူတွေ သိလား"

"ဘယ်လူတွေလဲ Jiminie"

"ဟို အူကြောင်ကြောင် နှစ်ယောက်လေ"

"အချေအစ်ကိုကြီးကို ပြောတာလား"

"အေး"

"သူက အရမ်းမိုက်ပါတယ်ဟ
တစ်ကျောင်းလုံးကြောက်ရတဲ့သူကိုပဲ အူကြောင်ကြောင်တဲ့"

"မင်းကရော
ဟိုကလေးနဲ့..."

"သူက သိပ်ကပ်တာပဲ
ငါ့ကိုလည်း အလိုလိုက်တယ်"

"အခြားသူတွေလို မင်းကို ကြိုက်နေတာပဲ နေမှာပေါ့"

"အဲ့လိုမဟုတ်ပါဘူး။ သူ့မှာ အပေါင်းအသင်းမရှိလို့ပါနဲ့။ အဲ့တာဆို Hoseok Hyung ရော၊ မင်းရော ငါ့ကို ကြိုက်လို့လား"

"Hoseok Hyung ကတော့ မသိဘူး။ ငါတော့ မင်းလို ရစ်ထုပ်ချွဲစိန်ကို မကြိုက်ပါဘူး"

"Jiminie ကလည်း..."

"ဘာတွေဖြစ်နေတာလဲ"
မူပိုင်အပြုံးလေးနဲ့ ဝင်လာသူက Hoseok Hyung။ ဟိုဆော့က စီနီယာဆိုပေမယ့် အတန်းတူတွေနဲ့ သိပ်မပေါင်း။ ထယ်ယောင်းတို့၊ ဂျီမင်းတို့နဲ့သာ တစ်တွဲတွဲ နေတတ်သည်။ Hoseok က စာလည်းတော်ပြီး ဦးဆောင်ရာမှာ တော်တဲ့ စံပြကျောင်းသား။ မတည့်တဲ့သူ မရှိအောင် ပျော်ပျော်နေတတ်သည်။

"Taehyung ကမေးနေလို့"

စကားမဆုံးလိုက် ပါးစပ်ကို အတင်းလိုက်ပိတ်နေတဲ့ ထယ်ယောင်းရယ်ပါ။

"ဘာတွေလဲ Hyung အကြောင်းလား"

"မဟုတ်ဘူးရယ်။ Jiminie စနေတာ"

Behind The Sense (zawgyi+uni) completed Wo Geschichten leben. Entdecke jetzt