Part(4)

1.5K 161 2
                                    

ကြိုးမဲ့ကွန်ရက်

ကိုယ့်ကို နည်းနည်းပဲချစ်
မင်းကိုယ်မင်းပိုချစ်

မင်းကမှ အသက်ရှင်နေတဲ့ နှလုံးသား
ကိုယ်က မင်းရဲ့ထင်ယောင်မှား အသက်ဓာတ်.... ။  ။

#မြကျေး
.....
"ဘွား"

"ဘူဆန်မှာ အကြာကြီး မနေနဲ့နော်"
"သားတို့နှစ်ယောက် ထပ်ခိုးမှာနေလည်း ရတာပဲ
အခန်းက သုံးလပဲ ငှားတာမလား"

"အင်းပါ
အခြေအနေကြည့်ပြီး ပြန်ခဲ့ပါ့မယ်"

အဘွားကို လိုက်ပို့ပြီးမှ ကျောင်းသွားတာမို့ နောက်ဆုံးကားသာ မီတော့တဲ့အဖြစ်။ ထယ်ယောင်းကတော့ မျှော်နေရှာတော့မယ်။

သူတို့ဂိတ်က ကျောင်းနဲ့အနီးဆုံးမို့ အမြဲ ခုံမရ။ ထုံးစံအတိုင်း လက်ကိုင်တန်းပဲပေါ့။

"ကလေး ကလေး"
"လက်ကိုင်တန်း မမီရင် ဒီခုံမှာထိုင်လိုက်"
"အစ်ကို့ လွယ်အိတ်လေးပဲ သယ်လာလိုက်"
ပါးချိုင့်တွေ နစ်ဝင်အောင် ပြုံးပြီးပြောလာသူက ကင်နန်းဂျွန်း။

ကြာကြာမူမနေနိုင်ဘူး ဝင်ထိုင်လိုက်တယ်။ သူ့အရပ်ကြီးနဲ့ ဘာမှမဖြစ်ပေမယ့် ဒီလူနဲ့ကျ ကမောက်ကမ။ အတန်းလေး တစ်တန်းကွာတာကို လူကို ကလေးတဲ့။ ကြင်နာတတ်တာတော့ ဟိုလူကြီးနဲ့ကွာပ။ ကားက ဘရိတ်အုပ်တော့ လူက ဟိုဘက်သွားကပ်တာကိုး။

"ကင်နမ်ဂျွန်း"
"အိပ်မရတော့ဘူး ကောင်းကောင်းထိုင်စမ်း"

ဘေးခုံကနေ cap စောင်းပြီး အိပ်လာတာ ဟိုလူပဲ။ ဒါတောင် သူ့အသားထိတာမဟုတ်။ လူတကာကို အော်လားငေါက်လားနဲ့။ ပြီးတော့လည်း ပြန်အိပ်တာပဲကိုး။

တော်ပါသေးရဲ့ ကျောင်းကို အမြန်ရောက်လို့။

ကျောင်းထဲဝင်ဝင်ချင်း အမောကို စို့သွားတာပဲ။ ထယ်ယောင်းဘေးမှာ ဟိုနေ့က ကျောင်းသားသစ်။ သူက အပေအတေမို့ အနိုင်ကျင့်တာ ခံနိုင်ပေမယ့် ထယ်ယောင်းက အဲ့လိုမဟုတ်။ အဲ့တာကြောင့် ဒီလိုပြဿနာကောင်တွေနဲ့ ဝေးဝေးနေဖို့ ပြောပြီးသား။

"Jiminie"
"Jiminie"

"အဘွားကို လိုက်ပို့လို့ နောက်ကျနေတာ
မနက်စာရော စားပြီးပြီလား"

Behind The Sense (zawgyi+uni) completed Onde histórias criam vida. Descubra agora