Part(14)

688 78 29
                                    

အသံသာပါ
ချိုသာချွဲပါ
အခွင့်ရှိတုန်းပေါ့ ဘေဘီရာ 

အသံတိတ်ရွေ့လျားနေရခြင်းတွေ
မင်းနဲ့ မရင်းနှီးသေးလို့ပါ

တစ်ချို့ ခရီးတွေမှာ
ငါဟာ  ‌ေမြွလို တွားသွားခဲ့တာ
အေးစက်မာခဲ မြေသားချပ်ပေါ်မှာ
ရှပ်တိုက် ...... ။

-မြကျေး

တစ်ယောက်ကို တစ်ယောက်ချစ်ဖို့ ဘာတွေ လိုအပ်ပါသလဲ။
အထူးသဖြင့် ထိခိုက် ဒဏ်ရာမရဖို့ပေါ့။
အခု ဒီ ရိုးရာ စားသောက်ဆိုင်ကလေးမှာ သူနဲ့ ဂျီမင်း အလုပ်အတူ လုပ်နေတာ တစ်လ ပြည့်ခဲ့ပြီ။
တစ်ခါမှ သူ ဒီလောက်ထိ မပျော်ရွှင်ခဲ့ဖူးဘူး။ အတူရှိချင်တာအပြင် တစ်ယောက်ယောက်အတွက် တွေးပြီး ကာကွယ်ပေးချင်၊ စောင့်ရှောက်ပေးချင်တဲ့ စိတ်ကူးတွေ ရောက်လာခဲ့ရတာ။

"ဟိတ်"

လက်ဆေးထားလို့ စိုနေတဲ့ လက်က ရေတွေနဲ့ သူ့ကို နောက်လိုက်တာတဲ့လား။ အကြည့်ချင်းစုံဖို့ ခက်လို့ မျက်နှာလွှဲရပြန်တယ်။ ရင်တွေခုန်ရင် ပချစ်ပါပဲ။ မျက်နီတစ်ခုလုံး နီလာရဉီးမယ်လေ။

"ခိုးခိုးပြီး ကြည့်မနေနဲ့
အလုပ်ဆင်းရတော့မှာ"

"ဘယ်သူကလဲ၊ ဘယ်တုန်းကလဲ"

"မကြည့်ဘူးပေါ့
မကြည့်ဘူးပေါ့"

သူ့ရှေ့ကို မျက်နှာလွှဲလို့မရအောင် လာပိတ်ပြီး စ‌ နောက်နေတဲ့ ကောင်လေး။ ဖြတ်ခနဲ ပါးလေးကို ခိုးယူမိတော့ အရှက်သည်းပြီး ထုရိုက်နေပြန်ပါရော။ ဒီကောင်ကလေးဟာ တကယ့် အပြာရောင် ကောင်းကင်လေး၊ ကြည်လင်မှာ အပြည့်ဖြစ်ရတဲ့ ကောင်လေး။

"ရုပ်ရှင် ကြည့်ကြမလား"

"Hyung က ကြိုက်လို့လား"

"သူများအတွဲတွေ ကြည့်ကြတယ်မလား"

"ကျနော်က Hyung နဲ့ ဒီအတိုင်းလေး အတူရှိရတာ ပိုကြိုက်ပါတယ်"

လက်နှစ်ခု တွဲထားရတာ၊ နှလုံးသား နှစ်ခု ပူးချည်ထားရတာဟာ အရာအားလုံးအတွက် ပိုကောင်းတယ် မဟုတ်လား။ မှီခိုရတာကို ပတ်ဂျီမင်း ဘယ်လောက်မုန်းလဲ။ အခုတော့ သူ့လူကြီး ရင်ခွင်ထဲမှာ သက်တောင့်သက်သာ မှီချင်ပါသည်။ ရယ်ကာမောကာ နေခဲ့ရသမျှ မကျေနပ်တာ ဖွင့်ဟချင်ပါသည်။ တစ်နေကုန်ပဲဖြစ်ဖြစ် ဒီလူကြီး မျက်ဝန်းတွေ ငေးရတဲ့အခါ ပျင်းစရာကောင်းမည် မထင်ပါ။

Behind The Sense (zawgyi+uni) completed Donde viven las historias. Descúbrelo ahora