Part(21)

485 63 35
                                    

"ရောက်နေရင် အထဲကို ကြည့်မနေဘဲနဲ့ဝင်လာ"

အသံကတော့ ယုံကြည်မှုအပြည့်နဲ့။
ဒီ‌လူကောင်သေးသေးလေးဟာ ဘာကိုယုံကြည်မှု ပြင်းထန်နေလဲ မပြောနိုင်ဘူး။ မကြောက်မလန့် အမိန့်ပေးလို့။

"ဟော
ဒီအတိုင်း မလာနဲ့လေ။
ဒါတွေ ကူသယ်ပေးဦး"

သူ့လက်ထဲကို အပြင်ကလာပို့တဲ့ အသားဂျပ်ဖာတွေကို ထိုးထည့်ပြီးသွားသလို သူကိုယ်တိုင်လည်း သယ်လို့ပါပဲ။ ဒီကောင်လေးက နားလည်ရခက်တယ်။

"Jin Hyung တို့က နောက်ကျမှာ
မနက်အစောကြီး ဒီကို ဘယ်လိုရောက်လာတာလဲ"

"ငါ.."

"ဧကန်န ကျနော့်ကို တွေ့ဖို့ အစောကြီးလာတာတော့ မဟုတ်ဘူးမလား

ဟီးဟီး"

တစ်ယောက်တည်း ပြောပြီး တစ်ယောက်တည်း သဘောကျနေတဲ့ ကောင်ကလေး။ သူ ရယ်လိုက်တိုင်း မျက်လုံးတွေဟာ ပိတ်ကျလို့။

သူ့ကိုမြင်ရုံနဲ့ သရဲတွေ့သလို ပတ်ပုန်းနေတာ၊ မျက်ရည် ဘူးသီးလုံးလောက်ကျပြီး ထွက်ပြေးနေတာ ဘယ်တုန်းကမို့လဲ။
အခုတော့လည်း သူ့ကို ဟီးဟီး ဟားဟားနဲ့။
တကယ် တတ်လည်း တတ်နိုင်တဲ့ ကောင်လေး။

"မနက်စာစားပြီးမှ ကော်ဖီသောက်သင့်တယ် ဆိုပေမယ့်
ဒီနေ့ စိတ်ကြည်လို့ ကော်ဖီတစ်ခွက် သောက်ခွင့် ရမယ်"

ပြောပြောဆိုဆို Iced Americano တစ်ခွက်ကို လက်ကကိုင်ပြီး ကမ်းပေးနေပြန်ပါပြီ။ တက်ကြွ ပျော်ရွှင်နေတဲ့ပုံစံဟာ ကူးစက်လွယ်မှန်း၊ ကြည်လင်စေမှန်း မသိခဲ့ဘူး။ သူကိုယ်တိုင်က အမြဲ မှိုင်းမှုန်နေလို့ ဖြစ်မှာပေါ့။

"Autumn ဖြစ်နေပြီနော် သိလား
မနက်အစောကြီး ရေခဲတွေ ဝါးစားရင် လည်ချောင်းနာမယ်နော်"

ဝါးဖို့ ကြိုးစားနေတဲ့ ပါးစပ်ထဲက ရေခဲဟာ ထွေးထုတ်ရမလို၊ ဝါးပဲ ဝါးရတော့မလို။ ဒီကောင်လေး ဗိုက်ထဲမှာ ပုဏ္ဏားလေးများ ရှိနေတာလား။ ဒါမှမဟုတ် ကိုယ်တို့ ပတ်သက်မှုဟာ ဘယ်လောက်အထိ ရှိနေလို့ ပုံမှန်နေထိုင်မှုတွေအထိ သိနေရတာလဲ။

"ခေါက်ဆွဲ စားမယ် မဟုတ်လား"

"ကိုယ် ဘာကူလုပ်ရမလဲ"

Behind The Sense (zawgyi+uni) completed Donde viven las historias. Descúbrelo ahora