Part(10)

909 121 11
                                    

မဖြစ်စလောက်လေးပါပဲ။
ဒါပေမယ့် အရေးကြီးတယ်။

မိုးရွာပြီးရင် သက်တန့်တွေကြည့်ချင်တယ်။

မနက်ဖြန်
မင်း ဘာအရောင်ဝတ်မလဲ သိချင်တယ်။

#မြကျေး

ဒီနေ့ဟာ တက္ကသိုလ် အတန်းပေါင်းစုံ basketball ပြိုင်ပွဲနေ့။ အထက်တန်းကတည်းက ပြိုင်ပွဲအားလုံးကို စွန့်လွှတ်ထားပြီးရာက ယွန်းဂီအတွက် ပထမဆုံး ပြိုင်ပွဲအတွေ့အကြုံ။ ဒီပြိုင်ပွဲ ပြိုင်ဖြစ်တဲ့ ပထမအကြောင်းရင်းရော၊ ဒုတိယ အကြောင်း‌ရင်းရောက ပတ်ဂျီမင်းပဲ ဖြစ်လိမ့်မည်။ ခဏခဏ အာရုံလွှဲမိရာကပဲ ခဏခဏ အာရုံစိုက်မိပါသည်။

နှစ်ဦးကြားက ပတ်သက်မှုသည် ဘယ်ရွေ့ ဘယ်မျှ။

လွန်ခဲ့သော ရက်သတ္တပတ် နှစ်ပတ်ခန့်က။

ဂျောင်ကုနဲ့သူ ကစားနေကြ basketball ကစားကွင်းမှာပဲ ဒီကောင်လေးနဲ့ မထင်မှတ်ပဲ ကစားဖြစ်ကြတယ်။ ဘဝရဲ့ အိပ်မက်အချို့တွေဟာ လွှင့်ပစ်ခဲ့ပြီး ဖြစ်လည်း ဒီကောင်လေး စကားတွေမှာ ပြန်လည် ဆုပ်ကိုင်ချင်ဆဲပဲ။

ပထမဆုံး ကျနော့်ဘက်မှာ ရှိနေပေးခဲ့တာ ဒီကောင် သေးသေးလေးတဲ့လား။

အထင်ကြီးတဲ့ သူ့မျက်ဝန်းများ...။

ကျနော့်ကို ယုံကြည်ပေးတဲ့ သူ့စကားများ။

အတန်းပေါင်းစုံ ပြိုင်ပွဲမှာ သေချာပေါက် ဝင်ပြိုင်ပါတဲ့။

Hyung လုပ်နိုင်ပါတယ် တဲ့။

Hyung ကို ကွင်းထဲမှာ ပြန်မြင်ချင်ပါသတဲ့ လေ။

သူ့စကားတစ်ခွန်းနဲ့ပဲ ဒီ ကွင်းထဲကို ‌ပြန်ရောက်ခဲ့ရတာ။

လေ့ကျင့်ရေးဆင်းတာနဲ့ မတူ၊ အပျော်ကစားတာနဲ့ မတူတဲ့ စိတ်လှုပ်ရှားမှု။ မသိသာအောင် သက်ပြင်းကို လေပူလို မှုတ်ထုတ်နေရတယ်။

မထင်မှတ်ဘဲ ပွဲမစမီ ကွင်းထဲရောက်လာတဲ့ ကောင်ကလေး။ စကားအရမ်းများတဲ့ကောင်လေးက စကားအများကြီး မပြောပါဘူး။ ကျနော့် ပခုံးကို ခပ်ဖွဖွကလေး ပုတ်ရုံကလေး။

မှီခိုချင်လားဆိုလည်း အင်း ပါ။
ယုံကြည်ချင်လားဆိုလည်း အင်း ပါ။

Behind The Sense (zawgyi+uni) completed Donde viven las historias. Descúbrelo ahora