Note

144 12 0
                                    

BTS က ကျနော့်အတွက် ပထမဆုံး OTP fanfic ပါ။
အဆုံးသတ်ဖို့ အကြာဆုံးလည်း ဖြစ်ခဲ့ပါတယ်။
အချိန်လည်း (၂)နှစ်ကြာခဲ့ပါတယ်။
ကြိုးကြိုးစားစား ရေးခဲ့ပါတယ်ရော ဘာရော ပြောစရာတော့ မရှိပါဘူး။ ဒီ နှစ်နှစ်တာကာလ မပျော်စရာတွေကြားထဲမှာ ဖြစ်မြောက်လိုက်တာ တစ်ခုပါပဲ။

သတိမထားမိလောက်ဘူးတော့ ထင်ပါတယ်။
တစ်ပိုင်းစီမှာ သီချင်း တစ်ပုဒ်စီ ထည့်ရေးထားပါတယ်။
အခုနောက်ပိုင်း ရေးဖို့ဆိုတာဝေး၊ wattpad ထဲ ဝင်ဖို့ကိုတောင် အကြာကြီး ဖြစ်နေတာပါ။ အကြာကြီး ပျောက်နေဉီးမလား မသိဘူးပေါ့။

ကျနော့်စိတ်နဲ့ဆို မွေးနေ့တွေ၊ အမှတ်တရနေ့တွေမှာ one shot နဲ့ဖြစ်ဖြစ် Yoonmin နဲ့ အတူရှိချင်တာ။
ဒီ အသေးလေးနှစ်ယောက်အကြောင်းတွေ လာပြောချင်နေတာ။

ဒီလောက်ပါပဲရယ်။
ဖတ်လို့အဆင်ပြေတဲ့ တစ်ပုဒ်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
ပြီးတော့ ဖတ်ပေးကြပါဦးပေါ့။

Reading list ထဲမှာ ထည့်ပေးကြတဲ့သူတွေရော၊ ဖတ်ပေးကြတဲ့ တစ်ယောက်ချင်းစီရော

နှစ်သစ်မှာ ပျော်ရွှင်ကျန်းမာပါစေ

Behind The Sense (zawgyi+uni) completed Where stories live. Discover now