Part(17)

593 67 19
                                    

စကားလုံးတွေက ဆူးတွေလို
လည်မျိုမှာ တစ်နေပြီး
အဲဒါကိုမျိုချလိုက်ရပါတယ်။
ငိုကြွေးဖို့ရာမဖြစ်နိုင်ပေမယ့်
ငိုလိုက်တဲ့အခါကျတော့လည်း
ဓါးနဲ့အလှီးခံရတဲ့ သွေးလွှတ်ကြောလို
ဝေါခနဲ သွန်ကျလာပါလေရော။

-မောင်ဒေး

ပွေ့ဖက်ထားရုံအပြင်လည်း သူ ဘာမှ မလုပ်တတ်ဘူး။ နှစ်ယောက်အတူရှိတဲ့ အချိန်တွေအတွင်းမှာ ထယ်ယောင်းဟာ မဖော်ပြဘဲ ပျော်သလို ချွဲနေတတ်တဲ့ ကောင်လေးသာ။ ထယ်ယောင်းဟာ ဟိုကောင်လေးနဲ့တွေ့ပြီး ဘယ်လောက်တောင် ပျော်ရွှင်ခဲ့ရလဲ။ လွတ်လပ်ပေါ့ပါးခဲ့ရလဲ။

"Jimin သိလား
ငါလေ ငါ့အတွက်ပဲ သိခဲ့တဲ့သူပါ"

ရှိုက်ကြီးတငင်ငိုကြွေးနေတာ မျက်ရည်တွေ သူ့နောက်ကျောတစ်ခုလုံး ရွှဲရွှဲစိုလို့။
မင်းအတွက်သာ မင်းတွေးရင် ဒီ မပျော်မ‌ရွှင်ဘဝကြီးကို ရွေးချယ်ခဲ့ပါ့မလား ထယ်လေးရယ်။ ငါကတော့ မင်းလို မနေပါဘူး။ အတ္တကြီးပစ်မှာ၊ မလွှတ်တမ်း အချစ်လက်ကို ဆုပ်ကိုင်ထားမှာ။

"တော်တော့
မင်းမှ မသောက်တတ်တာ၊ မသောက်နိုင်တာ"

ဘာအရက်မှ မသောက်နိုင်တဲ့ကောင်လေးလေ ထယ်ယောင်းက။ ဘေးလူဆိုပေမယ့် ဒီလိုအကွာအဝေးကို သူအရမ်းကြောက်တာပဲ။ သူ ဘာလို့ အများကြီး တုန်လှုပ်နေမိတာလဲ။

ချစ်ရက်နဲ့ဝေး
ရှင်ကွဲတွေဟာ အမြင်နဲ့တင် ရူးသွပ်ပစ်ချင်စရာ။

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

အဖြစ်အပျက်‌တွေဟာ မြန်မြန်ဆန်ဆန် ပြကွက်တွေပါပဲ။
ပျော်ပျော်ရွှင်ရွှင် ကျောင်းတော်ကြီးနဲ့ ‌ချစ်ကြည်နူးစရာ ကျောင်းသားဘဝဟာ ပြီးဆုံးသွားတဲ့ ပြကွက်တွေ။

အရွယ်ရောက်ကြီးပြင်းလာမှုမှာ
အချိန်နှစ်မျိုးပဲ ရှိတယ်။
နာကျင်ချိန်ရယ်၊ နာကျင်မှုကို သိုဝှက် ထားချိန်ရယ် ဆိုတဲ့ ကဗျာစာသားထဲကလို။

ကျနော့်ဘဝတစ်ယောက်လုံး ဒီနှစ်ခုနဲ့ပဲ ရှေ့ဆက်ဖြစ်တော့မှာပါ။ Jeon မရှိတဲ့နောက်။
ချစ်တဲ့ Jeon မရှိတော့တဲ့နောက်။

Behind The Sense (zawgyi+uni) completed Tempat cerita menjadi hidup. Temukan sekarang