Part(7)

1.2K 151 96
                                    

အချစ်ကလေးသို့

ပျော်စရာကို အရင်တွေးတော့
ပွင့်တော့မယ့် ပန်းအဖူးလေးကို မြင်တယ်
လေဒဏ်
ရေဒဏ်
ပိုးမွှားဒဏ်
ဒဏ်ရာတွေကို နောက်မှတွေးမယ်
ကိုယ်ခံအားကောင်းရင်
ကောင်းကင်ကြီးတောင် အသစ်လဲပစ်လို့ရပါတယ် ။

#မြကျေး

"Jimin Ah
မနေ့က အဆင်ပြေရဲ့လား"

"ငါ့ကို စိတ်မပူနဲ့
မင်းဖာသာပူစမ်းပါ ထယ်လေးရာ
မနေ့က ဘယ်လိုလဲ"

"ဟီး
ဒီလိုပဲ နောက် မလုပ်တော့ပါဘူးပေါ့"

"ရယ်နေနိုင်သေးတယ်။ ငါတို့ထယ်လေး အရမ်းပိန်ကပ်နေပြီ သိရဲ့လား"

"ဘာတွေ ပြောနေတာကြတာလဲ"

ပြောပြောဆိုဆို မူပိုင်အပြုံးချိုချိုလေးနဲ့ ဝင်လာတဲ့ ဟိုဆော့။

"မေးမနေပါနဲ့။ Hyung ဆီလည်း လှမ်းတိုင်ပြီးသားဖြစ်မှာပါ"

"ကောင်းကောင်း အဆူခံလိုက်ရရဲ့လား"

"အသေချာပေါ့။ အခုရော ကျနော့်ကို စောင့်ကြည့်ဖို့ မှာထားတယ်မလား"

"လာစောင့်ကြည့်တာမဟုတ်ပါဘူး။ မနက်စာ မစားရသေးဘူးမလား။ ဒီမှာ Hyung နွားနို့ အအေးခံလာတယ်။ အဲ့တာလေး သောက်ပြီး တအား မအီတဲ့ cheese cake လေးနဲ့စား"

"ကျနော့်ဖို့ကရော Hoseok Hyung"

"နှစ်ယောက်စာ မယူခဲ့တဲ့အခါ ဘယ်မှာ ရှိလို့လဲ"

"နေဦး Jimin
ဆိုင်ကို ဘယ်လိုလုပ်မှာလဲ"

"Jin Hyung ကတော့ တကယ်ပဲ။ သူမပြောရသေးတဲ့သူ ရှိရဲ့လား မသိဘူး။ ရှက်လာပြီ"

"ထားပါ အချိန်နောက်ကျတာ ဘယ်လိုလုပ်မလဲ"

"စိတ်မပူပါနဲ့။ ရဲအရာရှိကြီးတွေ စောင့်ကြည့်ပေးနေပါ့မယ်" တဲ့။

"ဂရုစိုက်ဦး"

စာမေးပွဲနီးပြီမို့ အတန်းချိန်ရယ်လို့ သိပ်မရှိတော့ဘူး။ self-study လုပ်ဖို့ ကျနော်တို့ဟာ အစုအဖွဲ့လိုက် စာအတူလုပ်ကြတယ်။ စီနီယာတန်းနဲ့ ဂျူနီယာတန်းဟာလည်း ရောထွေးလို့။ အမြဲတမ်းလိုလို Hoseok က ကျနော်တို့နဲ့ အဖွဲ့ကျနေတယ်။ အဖွဲ့ကျနေပေမယ့် ပျင်းစရာကြီးပါ။ Hoseok နဲ့ TaeHyung က စာအုပ်နဲ့မျက်နှာ ခွာတယ်ရယ် မရှိဘူး။ JongKook ဆိုတဲ့ကောင်ကလည်း အနားမှာရှိရင် TaeHyung မျက်နှာပဲ ထိုင်ကြည့်နေပြီး အနားမရှိရင် သူ့အစ်ကိုတွေနဲ့ သွားပြီး ဖဲရိုက်နေတာပဲ။ ဘယ်လိုဟာတွေလည်း မသိဘူး။ Park Jimin တို့ အထီးကျန်လိုက်တာ။

Behind The Sense (zawgyi+uni) completed Where stories live. Discover now