Part(19)

519 68 9
                                    

မင်း ငါ့ကို ချစ်ခဲ့တာ ငါ သိပါတယ် ၊
ပြီးတော့ အဲ့ဒါထက် အဆပေါင်းများစွာပို၍
ငါ မင်းကိုချစ်ခဲ့တယ် ၊
တစ်ခါတစ်လေကျ
ချစ်လို့ဖြစ်လာတဲ့မီးစတွေက
ပိုပူစေတတ်ခဲ့တယ်မဟုတ်လား ၊
မင်းကို လက်လွှတ်လိုက်ရတာ
ငါ့ကိုယ်ငါ လက်လွှတ်ဆုံးရှုံးလိုက်ရသလိုပဲ ၊
ငါ အမြဲ ခံစားနေမိတယ် ၊

| လတ်လွန်းဝေဦး |

ဒီဝေးကွာခဲ့တဲ့ ကာလတွေမယ် ‌မမေ့နိုင်သူဟာ ငရဲလို ပူခဲ့ရပြီး မေ့နေသူဟာ နာကျင်မှုက လွတ်မြောက်ခဲ့တာပဲပေါ့။

အချစ်မှာ ဘာကများ အပြစ်ဖြစ်ခဲ့ ရပါသလဲ။

ဘယ်တော့မှ မတွေ့ကြရတော့ဘူးထင်ခဲ့တယ်။
ပြန်တွေ့ပြီးတဲ့အခါ အမြဲ ထပ်တွေ့ချင်နေဆဲပါပဲ။
သို့သော်...။

So Far Away

ကျနော်တို့ တကယ် အဝေးကြီးမှာလား။

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

ဒီကောင်လေးကကို မြင်ရတာ သူ့အတွက် အနှောင့်အယှက်ပဲ။

မကြည်မလင်ဖြစ်ရတယ်။
အာရုံနောက်ကျိစေတယ်။
စိတ်ထွေပြားစေတယ်။
အတိအကျမပြောတတ်ပေမယ့် ဒီကောင်လေးကို မြင်ရတဲ့ သဘောမကျတဲ့ ရှုပ်ထွေးမှုပဲ။

ရိုးရာခေါက်ဆွဲ ကြိုက်လို့ သွားစားရင်တောင် သူ့ကိုမြင်တာနဲ့ သရဲ၊ တစ္ဆေလို ရှောင်ကွင်းသွားတတ်တာ။

ဆိုင်မှာရှိတဲ့သူတွေကလည်း ပြဿနာတစ်ရပ်လို သတိထား နေထိုင်တာ။

တစ်ခါမဟုတ်။
နှစ်ခါမဟုတ်ဆိုတော့ သတိမထားမိရအောင် သူက အရူးလား။

တောင်ကိုရီးယားဟာ တကယ်ပဲ ဒီလို ကျင့်ဝတ်မရှိတဲ့ ဈေးဆိုင်တွေ ရှိနေသေးတာလား။

မင်ယွန်းဂီရဲ့ ပင်ကို ဗီဇက အဆိုးလေး။
မကြိုက်လေ ပိုပြီး တိုးဝင်‌ချင်လေ။

အခု သူ့စိတ်ထဲမှာ စိုးမိုးထားတာ ဒီကောင်လေးနဲ့ မျက်နှာချင်း ထပ်ဆိုင်ဖို့။
အလကားနေရင်း သူ့ကို ရှောင်ဖယ်နေတာကို ရပ်တန့်ဖို့။

မဆီမဆိုင် တုန်ရီနေတတ်တာကို ခြောက်လှန့်ဖို့ပဲ။

ဆိုင်နဲ့ဝေးတဲ့နေရာမှာ ကားကို ပါကင်ထိုးပြီး လမ်းလျှောက်လာခဲ့တယ်။
တွေ့ရပါပြီ အမြင်ကတ်စရာကောင်းလောက်အောင်ကို သူတစ်ပါးအပေါ်မှာ ချိုသာလွန်းတဲ့အပြုံး၊ နှစ်လိုဖွယ် ပျူငှာမှုနဲ့ ကောင်ကလေး။ သူလှမ်းဝင်လာတာနဲ့ ထွက်ပြေးတော့မှာကိုသိသားပဲ။

Behind The Sense (zawgyi+uni) completed Donde viven las historias. Descúbrelo ahora