Part(20)

592 65 8
                                    

တစ်ခုခု ပျက်ကျလာမလား စိုးရွံ့စိတ်နဲ့ မိုးပေါ်ကို မော့ကြည့်တယ်။ လေယာဉ်ဖြူဖြူတွေ ပျံသွားတယ်။  ဒီလို နွေဦးမျိုး။ ဒီလို မနက်ခင်းမျိုးမှာ။ မိုးပျံပူဖောင်းတွေ လွှတ်မယ်ဆို ကောင်းကင် တကယ်ပြာတဲ့နေ့မှာ လွှတ်ဖို့ လိုမယ်။ တစ်နေရာရာမှာ တစ်ယောက်ယောက်ကတော့ လေထီးမပါပဲ တကယ် ပျက်ကျနေလိမ့်မယ်။

-နိုင်ငံ

"ဆံပင်တွေ အများကြီး ရှည်လာတာပဲ"

"အင်း"

အခုတော့ ချိုပျစ်အီနေတဲ့ အသံလေးဟာ သူ့ရင်ခွင်ထဲမှာ ပစ်ကျလို့လေ။
သူ့ဆံပင်ခွေခွေလိပ်လိပ်ကလေးက သူ့လက်တွေဆီမှာ ပြေးလွှားလို့။

ကြောင်ကလေးလို တိုးဝှေ့ချင်သူဟာ ဒီဘက်နှစ်တွေထဲမှာ ဘယ်လောက်ထိ သန်မာချင်ယောင် ဆောင်ခဲ့ရသလဲ။

သူ့အတွက်တော့ ဘယ်အခြေအနေမှာဖြစ်ဖြစ် Hyung ဟာ အပြစ်ကင်းတယ်။

သူတို့ ပတ်သက်မှုတွေ၊ အနေအထားတွေ ဘာကိုမှ မမေးဘူး။

ကင်ထယ်ယောင်းကို တကယ်ချစ်ရင် သူ ထားတဲ့နေရာမှာ နေနိုင်ဖို့ ကြိုးစားရတယ်။
လုပ်ယူရတယ်။

ပြီးခဲ့တဲ့အချိန်တွေမှာ ဘာတွေဖြစ်ခဲ့လဲ စကား မစ ကြည့်ချင်ဘူး။ သိလည်း မသိချင်ဘူး။

သူ့အမျိုးသမီးအကြောင်း သူ မသိချင်ဘူး။

ယုတ်စွအဆုံး
သူ ဘယ်လောက်ထိ နာကျင်ခဲ့ကြောင်းနဲ့
လွမ်းခဲ့ရကြောင်းကအစ အစမဖော်ချင်ခဲ့ဘူး။
ထယ်ယောင်းစိတ်ထဲ အပြစ်တင်စိတ် သေးသေးကလေးမှ မဝင်စေချင်တာ။
ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်တာ။
နောင်တ မရစေချင်တာ။
မသိမ်ငယ်စေချင်တာ။

အရာအားလုံးဟာ သူညံ့ခဲ့လို့ ဖြစ်ခဲ့ရတာပဲ။
လုံလောက်တဲ့ စောင့်ရှောက်မှု မပေးနိုင်တာ၊ ချန်ထားရစ်ခဲ့ရတာ အားလုံး သူ့အမှားပဲ။

ကင်ထယ်ယောင်းဟာ အမြဲတမ်း အမှန်ဘက်က။
လေးတဲ့ခံစားမှုမှန်သမျှဟာ သူ သယ်ပိုးဖို့။
ဆူးမှန်သမျှဟာ သူနစ်ဝင်ဖို့ပဲ။

ကင်‌ထယ်ယောင်းဟာ အထိအခိုက်အခံနိုင်တဲ့ ပိုးသားလေး။
အတုမရှိတဲ့ ရတနာ။
ဘယ်လိုစိတ်နဲ့မှ ကုတ်ခြစ်ပစ်လို့မရတဲ့ မြတ်နိုးရာ ကလေး။

Behind The Sense (zawgyi+uni) completed Donde viven las historias. Descúbrelo ahora